ရွာငယ်လေးသို့.....

ပြီးခဲ့သော နေ့ရက်များနဲ့ အခုတစ်လော ကျွန်တော် အင်တာနက်ဆိုသော ရွာငယ်လေးကို မရောက်ဖြစ်တာ ကြာခဲ့ပါပြီ၊ ကြာဆို အနေဝေးတဲ့ သာအေးတို့ ရွာနဲ့ အင်တာနက်ဆိုသော ရွာငယ်လေးက အတော်ကို ဝေးလှပါတယ်၊ ကျွန်တော့်အတွက် ရွာငယ်လေးကို လာဖို့က တစ်ခါတစ်ရံမှသာ ရောက်ဖြစ်မှာပါ၊ ရွာလေးကို အလည်လာတဲ့အခါမှာလည်း ကမ္ဘာ့လိပ် မြန်မာကြမ်းပိုးလို့ခေါ်ရတဲ့ နှေးတုတ်နှေးတုတ်ယာဉ်ငယ်{ကော်နက်ရှင်နှေးခြင်း} နဲ့ အလည်လာရမှာဖြစ်သောကြောင့် ချစ်သူငယ်ချင်းကောင်း ယောက်ဖ/ ယောင်းမ တို့ရဲ့ အိမ်တွေကို လိုက်မလည်နိုင်၊ အလည်လာပြီး သာကြောင်းမာကြောင်း မမေးနိုင်တာ ဆိုရင် ရွာသားဖြစ်တဲ့ ဒီလူ မောင်ဇောင်းကို နားလည်ပေးပါ လို့ ပြောချင်ပါ၏ဗျာ၊ ပြီးတော့ အရင်လို လယ်ထွန်ကောက်စိုက်နည်း အနည်းအငယ်ကိုလည်း Post အဖြစ်မရေးဖြစ်တော့တာကတော့ ရွာငယ်လေးထဲက လေ့လာစရာတွေကို လေ့လာဖို့ အချိန်မရှိတော့လို့ပါ၊ အဲ့ဒါကြောင့် တစ်ခါတစ်ရံ ရွာငယ်လေးသို့ လာပြီး အလာပသလာပ စာလေးတွေတာ ရေးနိုင်တော့မည်ဖြစ်ပါ၏၊ အလည်လာ ကော်မန့်မပေးဖြစ်တာရှိရင် နားလည်ခွင့်လွတ်ပေးကြပါခင်ဗျာ၊ စာတိုလေးတွေကိုတော့ တစ်ခါတစ်လေ ရေးဖြစ်မှာပါ....၊ ရွာငယ်လေးထဲက သူငယ်ချင်းများကို အစဉ်အမြဲသတိရနေ၏......
ရောက်ရှိအလည်လာ မိတ်သဟာအများ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ................
{ကိုဇောင်း}

Beauty Of Myanmar Phone Theme

အရင်တစ်ခေါက်က မြန်မာဘလော့ဂါ Phone Theme ပြီးတော့ ဒီတစ်ခါက လှိုက်ဂှုဆန်ဆန် စေတီမုတ်အ၀င်ဝ ပုံနဲ့ ကန်တော်ကြီး က ကရ၀ိတ်ပုံတို့ကို Phone Theme အဖြစ်ပြုလုပ်ထားပါသည်။


ီDownload! Here

Nokia ၌ထည့်သွင်းနည်း-
Nokia PC Suite မှ ဖုန်းအတွင်း သို့မဟုတ် မန်မိုရီ သို့ ထည့်ပြီး
Settings ---> Data Mgr ---> File Mgr သို့ရောက်သောအခါ မိမိ Save လုပ်ထားသော Folder မှ File အား တစ်ဆင့်စီ Install လုပ်ပေးပြီးသောအခါ Theme Change ရန်အတွက် Settings ----> Themes တွင် မိမိထည့်တွင်းထားသော Theme အား ရှာ၍ ပြောင်းလဲနိုင်ပါသည်။

Supported Models

LG
KS10


Nokia
5320 XpressMusic, 5630 XpressMusic, 5700 XpressMusic, 5730 XpressMusic, 6110 Navigator, 6120 Classic, 6121 Classic, 6124 classic, 6210 Navigator, 6220 classic, 6290, 6650, 6710 Navigator, 6720 classic, 6730 classic, E50, E51, E52, E55, E65, E66, E75, N71, N73, N75, N76, N78, N79, N81, N81 8GB, N82, N85, N86 8MP, N92, N93, N93i, N95, N95 8GB, N95-3NAM, N96, N96-3


Samsung
SGH-i400, SGH-i450, SGH-i520, SGH-i550, SGH-i560

©ကိုဇောင်း

Flash Download & Flash Movie Player

တစ်ချို့ Webpage တွေ့မှာ Flash File တွေထည့်ထားတာရှိပါတယ်၊ ဥပမာ- မေတ္တာပို့သီချင်း၊ နာရီ၊ ဓါတ်ပုံ Flash နဲ့ သက်ဆိုင်တဲ့ File တွေကို ထည့်ထားတာ တွေ့ရမှာဖြစ်ပါတယ်၊ အဲ့ဒီ Flash တွေရဲ့ အခြေခံ file အမျိုးအစားကတော့ .swf ဖြစ်ပါတယ်၊ အခြားသူတွေ ရဲ့ Webpage မှာ ရှိတဲ့ Flash တွေကို မိမိ WebPage ထည့်ချင်တာပဲဖြစ်ဖြစ်၊ Download ပြီး သိမ်းထားချင်တာပဲဖြစ်ဖြစ်ပေါ့ ပြုလုပ်ချင်တယ်ဆိုရင်တော့...

.swf file အား Download ခြင်း
အရင်ဆုံး Flash ထည့်ထားသော Webpage ကိုရောက်သောအခါ၊ Mozilla FireFox ပေါ်က Tools ကို တစ်ချက်နိပ်ပြီး Page Info ကိုရွေးနိုပ်ရပါမယ်၊ {အောက်ပါပုံထဲကအတိုင်း}



Page Info ကို နိပ်လိုက်လို့ ပေါ်လာသော page ၏ အပေါ်ဆုံးက Media ကိုရွေးချယ်ပေးရပါမယ်၊ Flash နဲ့ သက်ဆိုင်တာကတော့ .swf ပါ၊ ထို့ကြောင့် Link ရဲ့ အစွန်းဆုံးက .swf ကို လိုက်ရှာရပါမယ်၊ နောက်တစ်ခု အလွယ်ရှာနည်းကတော့ Type ရဲ့ အောက်မှာရှိသော အမျိုးအစားအလိုက် Embed,Image,Background တို့တွင် Embed ကိုရှာရင်လည်းရပါတယ်၊ မိမိလိုချင်သော .swf ကိုတွေ့သောအခါ Download ပြီးသိမ်းထားချင်တယ်ဆိုရင်တော့ ပုံထဲက အတိုင်း Save As ကို နိပ်ပြီး မိမိသိမ်းလိုသော နေရာအားရွေးချယ်ပေးရုံပါပဲ၊{အောက်ပါပုံထဲကအတိုင်း}


.swf Link အား ကူးယူခြင်း
Flash File အား ကူးယူရန် အထက်ပါနည်းအတိုင်းပြုလုပ်ပြီးသွားပါက၊ Link ကူးယူရန်အတွက် အောက်ပါ ပုံထဲကအတိုင်း {Flash Link}.swf Link ပေါ်တွင် Mouse ကိုတင်ပြီး ညာဖက်ခလုတ်နိပ်ပေးလိုက်သောအခါ Copy ရန်အတွင် အောက်ပါ ပုံထဲကအတိုင်းပေါ်လာပါလိမ့်မယ်၊ Link ကို ကူးယူရန်အတွက် Copy ကို နိပ်ပြီး၊ မိမိ Webpage မှာ ထည့်လိုက ထည့်နိုင်ပါ၏။{အောက်ပါပုံထဲကအတိုင်း}




.swf file များကို Play ရန်အတွက် swf player or Flash Player
.wsf ကို Download လိုက်သောအခါ ပုံထဲကလို မမြင်ရပဲ file က ဗြောင်ဖြစ်နေပါက swf ကို ဖော်ပြဖို့ သို့မဟုတ် swf ကို မောင်းနှင် ဖို့ Flash Software တစ်ခု လိုအပ်နေတယ်လို့ သတ်မှတ်ရပါလိမ့်မယ်၊ Flash Software မရှိပါက အထက်ပါနည်းအတိုင်း Flash များကို Download ပြီးပါကလည်း File မှာ ဗြောင်ဖြစ်နေတတ်ပါတယ်၊ ထို့ကြောင့် Flash player ရှိထားဖို့ လိုအပ်ပါတယ်၊ အဲ့ဒီအတွက် အောက်မှာ Download နိုင်ပါ၏.....။


Flash ထည့်ထားသော Webpage မှ အထက်ပါနည်းအတိုင်း www.crazydreamlover.com တွင် စမ်းသပ်နိုင်ပါသည်။

©ကိုဇောင်း