ေဆာင်းတွင်းေရာက်ြပီဆိုရင် ေနွးေထွးမှုကို ယူရဖို့ ဂံုနီအိတ်အေဟာင်းေတွကို ရှာဝယ်ြပီး ေစာင်အြဖစ် အသံုးြပုခဲ့ရတုန်းက မိသားစုရဲ့ ြပဿနာက စားဝတ်ေနေရးတစ်ခုပါပဲ အဲ့ဒီလိုေလးေတွ အဆင်ေြပေစဖို့ အေဖနဲ့အေမ မနက်မိုးလင်းြပီဆိုရင် သားသမီးေတွကို စိတ်မချေသာ်လည်း မြဖစ်မေန အိမ်မှာထားခဲ့ကာ ဝမ်းစာေရးအတွက် တစ်ေန့တာြပီးတစ်ေန့ ြဖတ်သန်းခဲ့ရတယ် မုန်တိုင်းတစ်ခုလိုပါပဲ ဘဝက ြပင်းထန်ခဲ့တယ်.. ဘဝရဲ့ တစ်ေန့တာ မှာ ပင်ပန်းမှု့ေတွကိုေြဖေဖျာက်ေစဖို့ အလုပ်ကေန အိမ်ကို အြပန်မှာ အရက်ကေလး တစ်ြမြမနဲ့ ေသာက်လာကာ မူးရင်ဆဲဆိုမှုေတွ လိုအပ်တာထက်ပိုခဲ့တာေတွကို ရင်ဆိုင်ခဲ့ရတာ အေဖ့ရဲ့ မူးခဲ့ချိန်တုန်းက မိသားတစ်စုလံုးပါပဲ…။ အေဖ့ကို အြပစ်ေြပာေနတာေတာ့ ဟုတ်ပါဘူး….အေဖအရက်ေသာက်တယ် ဆိုတာအေဖအလုပ်လုပ်ရတဲ့ အလုပ်က ေရတွင်းတူးရတဲ့အလုပ်ေလ… သူများေတွလို့ အဝစီတွင်းတို့ ေြမြကီးကို တူးရတဲ့ ေရတွင်းလို့မဟုတ်ပါဘူး….။ ခက်ခဲမာေြကာလှတဲ့ ေကျာက်ေရတွင်းကို တူးရတဲ့အလုပ်ေပါ့…။ ဒီြကားထဲ အဆင်ေြပရင်ေြပသလို ဘေလာက်အုတ်ရိုက်ဆိုလဲ အေဖရိုက်ခဲ့တယ် ကျေနာ်တို့ ညီအကိုနှစ်ေယာက်လည်း အေဖနဲ့အတူ လိုက်လုပ်ခဲ့တယ်…။ အေဖအရက်ေသာက်ရြခင်းက ပင်ပန်းမှုေတွေြကာင့် လည်းပါနိုင်ပါတယ်… ဘဝကဆင်းရဲေလ ဘဝရဲ့မုန်းတိုင်းဒဏ်ကို ခံရေလေလပါပဲ…။ ငယ်ငယ်ကတည်းက ဘဝရဲ့အေတွ့အြကံုေတွကို အနည်းနဲ့အများေတာ့ရခဲ့တယ်...။ ြကီးလာေတာ့ လူေတွရဲ့ စိတ်တစ်ချို့ကို သိခဲ့ရတယ်။ ဆင်းရဲသားဘဝေတွရဲ့ ေပျာ်ရွှင်မှု့ေတွကို ဖျက်ဆီးတဲ့အထဲမှာ အရက်က ပထမေနရာလိုလို ဒုတိယေနရာလိုလိုမှာ ေရာက်ေနခဲ့တယ်…။ အရက်ေြကာင့် ေပျာ်ရွှင်ခဲ့ရတယ်ဆိုတာ ဘယ်ေတာ့အခါမှမရှိနိုင်ပါဘူး…။ ေပျာ်စရာေကာင်းတဲ့ မိသားစုဘဝေလး ကိုရယူချင်တယ်…။ ချမ်းသာမှုကို လူတိုင်းလိုအပ်ေပမဲ့ မိသားစုအတွက် စားဝတ်ေနေရးသာ ြပည့်စံုေနမယ်ဆိုရင် ချမ်းသာြကီး ချမ်းသာဖို့မလိုပါဘူး…. အလိုအပ်ဆံုးက ေပျာ်စရာမိသားစုဘဝေလးေပါ့…။
ဘဝအတွက် ေမာပမ်းမှုေတွကို ေြဖေဖျာက်ဖို့
အလိုအပ်ဆံုးက
ေပျာ်စရာမိသားစုဘဝေလးေပါ့
{ေဇာင်း}









