ကောင်းကင်ပေါ်က လတစ်စင်းဟာ ရေကြည်တုန်းတော့ ရေပြင်ပေါ်မှာ ကြည်ကြည်လင်လင် ထင်းထင်းရှင်းရှင်း မြင်တွေ့ရနိုင်ပေမဲ့ လေပြေလေးတွေ လှိုင်းထန်သွားတဲ့အခါ ရေပြင်ဟာ တွန့်လိမ်သွားခဲ့တဲ့နောက် လမင်းရဲ့ဘ၀ဟာ ရေပြင်ပေါ်မှာ ကောင်းစွာပုံရိပ်မထင်နိုင်တော့ဘူးလေ.... ဒါကို လောကကြီးရဲ့ နိယာမတစ်ခုအဖြစ်တွေးကြည့်ရင် တစ်ထောင့်တစ်ညပုံပြင်လို အဓိပ္ပါယ်အမျိုးမျိုးဖွင့်လို့ရပါ၏။

                            အတိတ်က ဖြစ်တည်မှုတွေကို ပြန်လိုချင်မိပေမဲ့ အရာရာတိုင်းဟာ အတိတ်ကလို ဖြစ်မလာနိုင်တော့ဘူးဆိုတာရယ်၊ မဖြစ်နိုင်တော့ဘူးဆိုတာရယ်ကို သိလိုက်ရတဲ့နောက် ပစ္စုပ္ပန်မှာ အတိတ်ကဖြစ်ပျက်ခဲ့တာတွေထက် အတောက်ပဆုံးဖြစ်အောင် နေထိုင်သွားနိုင်မယ်ဆိုရင် ဘ၀ဟာ လိုချင်တတ်မတ်မှုသွေးတွေ မကြွလာနိုင်တောဘူးဆိုတာ သေချာပါ၏။

                                ဘတ်စ်ကားပေါ်က ကြမ်းတမ်းတဲ့ စပါယ်ယာလည်း မိသားစုအတွက် ကိုယ်နှုတ်ကြမ်းတမ်းစွာ အလုပ်နေရတယ်၊ လမိုက်ညရဲ့ သန်းခေါင်ယံချိန်မှာ ခိုးဝှက်တဲ့ သူခိုးလည်း မိသားစုအတွက် ခိုးဝှက်ရတယ်၊ ဈေးထဲက ငါးစိမ်းသည်မ ကလည်း မိသားစုအတွက် ငါးခေါင်းကိုထုကာ သတ်ရောင်းနေရတယ်၊ အမှိုက်ပုံမှာ အတိုအစတွေကောက်နေတဲ့ လူလည်း မိသားစုအတွက် သူလုပ်နေရတယ်... နောက်ဆုံး... သတ္တ၀ါခြင်း ကွာခြားတဲ့ နွားတောင် လူတွေအတွက် လယ်ထဲမှာ လယ်ထွန်ပေးရတယ်...။ လူတိုင်းအလုပ်လုပ်နေကြတာဟာ မိသားစုအတွက်အလုပ်လုပ်နေရတာပေါ့လေ...။ လိုရင်းကတော့ လောကကြီးထဲမှာ ဘယ်သူတွေ ဘယ်လိုပဲလုပ်နေပါစေ ဆိုးဆိုးကောင်းကောင်းပေါ့ သူတို့လုပ်တယ်ဆိုတာ မိသားစုအပေါ် သိတတ်လို့ ကြင်နာစိတ်ရှိလို့ သူတို့ အားနဲ့ ဥာဏ်နဲ့တတ်နိုင်တဲ့ ဖက်က လုပ်ကြရာတာ ကို အပြစ်လို့မမြင်မိစေဖို့ပါ...။ မိသားစု အပေါ်သိတတ်တာနဲ့ပတ်သက်ပြီး ကျနော် အကိုကြီး ပြောခဲ့ဖူးတဲ့ စကား ပြန်ကြားယောင်မိတယ် “တာဝန်သိတော့ တာဝန်ပိတယ်”တဲ့ တယ်မှန်တဲ့ စကားတစ်ခွန်းပါ။ အဲ့ဒီ စကားလေးနဲ့ပတ်သက်ပြီးတော့ တာဝန်မသိဖို့ ပြောတာမဟုတ်ပါဘူး..။ မိသားစုအပေါ် အနစ်နာခံတတ်သော တာဝန်သိမှုလေးအပေါ် လေးစားမိ၍သာ..............
{ကိုဇောင်း}