“သူငယ်ချင်း မင်း အိမ်ထောင်မပြု သေးဘူးလားကွ?”
“ငါအိမ်ထောင်မပြူတော့ပါဘူးကွာ... ငါအိမ်ထောင်ပြုလိုက်ရင် မင်းသိတဲ့အတိုင်းပဲ ငါ့မှာ မိသားစုနဲ့ (မိဘ၊မောင်နှမ)၊ ပြီးတော့ ငါက မိသားစုကို ကြည့်နေရသေးတယ်လေ ပြောရရင် မိသားစုမှာ ငါမရှိရင် မဖြစ်ဘူးကွာ...”
“ အင်း.... ဟုတ်တော့ဟုတ်ပါတယ် မိသားစုအပေါ်သိတတ်၊ နားလည်တတ်၊ ရပ်တည်ပေးတတ်တာ အကောင်းဆုံးပါပဲကွာ...၊ ဒါပေမဲ့ အချိန်ဆိုတာ အမြဲတမ်းပြောင်းလည်းလာတယ်ကွ၊ မင်းကို ငါက မိသားစုအပေါ် မသိတတ်ဖို့ မရပ်တည်ပေးဖို့ ပြောတာမဟုတ်ဘူးနော်၊ မိသားစုအပေါ် သိတတ်ဖို့ကိုအားပေးပါတယ် မိဘ သေရင် မိဘအစားမရဘူး မိန်းမသေရင် မိန်းမ အစားရတယ် ယောင်္ကျားသေရင် ယောင်္ကျားအစားရယ် ဒါပေမဲ့ မင်းရဲ့ စိတ်ထဲမှာ အုတ်မြစ်ချထားတဲ့ အစွဲတစ်ခု ကို ပြောပြချင်...”
“ပြောပါ သူငယ်ချင်း”
“ဒီလိုပါ မင်းခဏက ပြောလိုက်တဲ့ စကားတွေထဲမှာ မင်းရဲ့အစွဲက “မိသားစုမှာ ငါမရှိရင် မဖြစ်ဘူး”ဆိုတာက သိပ်သဘာဝ မကျဘူးလားလို့...”
“ဘယ်လို သဘောဝ မကျတာလည်း သူငယ်ချင်းရ ငါသိပ်နားမရှင်းဘူး”
“ငါစကားပြောတာ လောသွားတယ်ကွာ ငါ့စကားက ဗမာမပြီးခင် ကုလားမမြင်စေနဲ့ ဆိုသလို ဖြစ်နေပြီ
မင်းတစ်ခု စဉ်းစားကြည့်ကွာ မိသားစု မှာဖြစ်ဖြစ် ကိုယ်ချစ်ခင်တဲ့ လူအပေါ်မှာပဲ ဖြစ်ဖြစ် မင်းမရှိရင် မဖြစ်တော့ဘူးပဲ ဆိုပါစို့ကွာ၊”
“အင်း....ဆက်ပြောပါသူငယ်ချင်း”
“မင်းအသက် ရှိနေစဉ်မှာ မင်းချစ်ခင်တဲ့ လူအပေါ် မရှိမဖြစ်ဆိုရင် “မင်းခဏလောက် သေကြည့်လိုက်”၊{ပုန်းရှောင်ခိုင်းနေရင်တောင် မင်းရှိနေအုံးမယ်လို့ သူတို့ရဲ့ စိတ်ထဲမှာ ရှိနေအုံးမယ်} မင်းသေသွားတဲ့အခါ မင်းမရှိတော့တဲ့နောက် မင်းချစ်ခင်တဲ့လူတွေ မင်းမိသားစုတွေ ဘယ်လိုနေကြမလည်းဆိုတာ မင်းတွေ့ကြည့်ပေါ့၊ လူဆိုတာ ပါးစပ်ပါရင် အစာမစားပဲ မနေနိုင်ပါဘူး သူငယ်ချင်း....”
“ ငါက မင်းပြောသလို မနေနိုင်ဘူး သူငယ်ချင်းရာ... ငါသေရင်တောင် ငါ့မိသားစုနားမှာပဲ ငါ့ဝိဥာဉ်က ရောက်နေလောက်မှာ..”
“အေးပါ..သူငယ်ချင်းရာ ငါက မင်းအတွက် ကြည့်ဖို့ ပြောတာပါ ဒါပေမဲ့ တစ်ကိုယ်ကောင်းဆန်ဖို့ပြောတာ မဟုတ်ဘူးနော်... မျှမျှတတဖြစ်အောင်ပေါ့.....”

{ကိုဇောင်း}

အမ အတွက် ရေးနေသလိုပဲ ဇောင်းရေ၊ ထိတယ်၊ ညကရေးတာရော၊ ခုတပုဒ်ရော ၊ စိတ်ဓါတ်တွေ ကျနေတယ်၊ ဘာလုပ်ရမှန်းမသိတွေ ဖြစ်နေတယ်
မရှိမဖြစ် ငါ မဟုတ်ပေမယ့် ငါမရှိတော့ လဲ
ငကန်းသေ ယင် အစွေ ရောက်လာမယ့်
လောက ကြီးပါ။ သေချာ တာ တခု က တော့
သေခြင်းတရားပေါ့။
ဇောင်း ရေးထား တဲ့  ဆောင်းပါးလေး ကို
တကယ်ကြိုက်နှစ်သက်တယ်။
မောင်မောင်
ငါမရှိရင် မဖြစ်ဘူးဆိုတဲ့အတွေးတွေနဲ့ ပူလောင်နေကြတာ အများကြီးနော်။ ဒါပေမဲ့ သူတို့ကလဲ မိသားစုကို ချစ်လွန်းလို့ဆိုတာ သိပါတယ်။ သိပ်ကောင်းပါတယ်။ အရာအားလုံး မျှမျှတတပေါ့နော့။
မရှိမဖြစ်ဆိုတာထက် ကိုယ်ရဲ့စိတ်က မိသားစုကို ခင်တွယ်နေတာပါ။ ကိုယ်တကယ်ချစ်တဲ့သူနဲ့ တွေ့သွားရင် ဒါတွေ မေ့သွားမှာပါ။
တခါတခါတော့လည်း သူတို့ကိုယ့်ကိုလိုအပ်နေတာထက် ကိုယ်က လိုအပ်ခံချင်နေတာလားလည်း ကိုယ်တိုင် မသိတော့ပါဘူးဗျာ
ပိုစ့်ကောင်းလေးတစ်ခုပါဗျာ
အရမ်းကောင်းတဲ့ပို့လေးပါပဲ....
ငါမရှိရင်မဖြစ်ဘူးဆိုသူတွေက သကျိုင်းကုန်းမှာ တောင်လိုပုံနေရတာပဲနော်....
စိတ်မကောင်း ဖြစ်ရတယ်။