တစ်နေ့မှာလူတစ်ယောက် ဘာရယ်မဟုတ်ပဲ စကားတွေ ဖောင်ဖွဲ့ပြောလိုက်တယ်     တစ်ဖက်လူကိုပေါ့ ပြောတယ်ဆိုတာကလည်း သူများရဲ့ ကောင်းတာရော မကောင်းတာရောပေါ့လေ  သို့ပေမဲ့ ပြောသူမှာလည်း ဘာအကျိုးမှ မရသလို နားထောင်သူမှာလည်း မြန်မာစကားပုံအရပြောရရင်   “water follow fish follow” “ရေလိုက် ငါးလိုက်” ဆိုသလိုပေါ့ အင်း..အင်း နဲ့ ခေါင်းတစ်ညိတ်ညိတ်နဲ့ပေါ့လေ...။  စကားတစ်ခုရှိပါတယ် ပျော်စေ ပျက်စေတဲ့ ပျော်စေကတော့ ပျော်စရာအဖြစ်ပေါ့ ပျက်စေကတော့ အနိစ္စသဘောနဲ့ ကိစ္စလျှောအောင် ရည်ညွန်းသလို ဖြစ်နေတတ်ပါတယ်။ စကားပြောတဲ့အခါ ပြောအပ်သလား၊ မပြောအပ်ဘူးလား၊ အပျော်ပြောတာလား ဆိုတာကို စဉ်းစားသင့်ရပါတယ်။ စကားမပြောတတ်တဲ့အခါ မြန်မာ စကားပုံထဲကလို စကားအသုံးခံရသူအနေနဲ့က “ဆင်ကတော့ ဘုမသိ ဘမသိ နဲ့ ကျင်ငယ်ရည်စွန့်လိုက်တာ ပုရွတ်ဆိတ်မှာတော့ ပင်လယ်ဝေသွားတယ်” ဆိုသလိုဖြစ်နေတတ်ပါတယ်..။ သေချာသုံးသပ် ပြောဆိုကြည့်မယ်ဆိုရင် ကမ္ဘာမှာ မြန်မာစကားဟာ အကြွယ်ဝဆုံးပါ...။ သုံးတတ်ရင် အလွန်တန်ဖိုးရှိသလို မသုံးတတ်ရင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်တတ်တာကတော့ စကားပါပဲ..။


ပြောသင့်သော စကားကိုဆိုရာ တိုတိုနဲ့အထိရောက်ဆုံးသာ အဓိက ကျပါသည်
မပြောသင့်သော စကားကိုဆိုခြင်းသည် ပါးစပ်အာသာပြေဖို့ထက် တစ်ဖက်လူကို ပြန်လည် တွေးတောကြည့်ဖို့တော့လိုအပ်သည်။

{ကိုဇောင်း}