နွေခေါင်ခေါင်မှာ အလွန်ပူပြင်းမှုဒဏ်ဟာ လူတစ်ယောက်ရဲ့ “ဒေါသ” နဲ့ တူလှပါတယ်၊ နေမင်းကြီးဟာ စဉ်းစားဥာဏ်မရှိသလောက် ပူနေသလို လူဟာလည်း စဉ်းစားဥာဏ်မရှိသလို ဒေါသ ထွက်နေတတ်ပါတယ်...။ ကောင်းကင်ယံက လျပ်စီးလက်သလိုပဲ ခဏလေးအတွင်းမှာ ဒေါသရဲ့ ချယ်သမှုက အားနွဲ့တဲ့ အရာတွေ ပြိုလှဲပျက်စီးကြရတယ်..။ အဲ့ဒါဟာ နှူးညံ့တဲ့ စိတ်တစ်ခုပါ..။ ဆုံးရှုံးလိုက်ရတဲ့ စက္ကန့်တိုင်းကို ဒေါသက ၀ါးမျိုသွားတယ်ဆိုတာ မသိတာပေမဲ့ ခဏကြတော့ သေဆုံးသွားတဲ့ ဒေါသရဲ့နောက်မှာ ကပ်ပါလာတာကတော့ နှမျှောတမ်းတခြင်းပါ...။ ကြောက်မတ်စရာအလွန်ကောင်းတဲ့ ဘီလူးတွေထက် ကြောက်စရာကောင်းတာကတော့ လူတစ်ယောက်ရဲ့ ဒေါသ.............
{ကိုဇောင်း}