ညင်သာစွာ
မင်းရဲ့ပါးပြင်ပေါ်မှာ
အိပ်စက်ခဲ့ဖူးတဲ့
နှုတ်ခမ်းတစ်စုံကို
တမ်းတကျန်ရစ်အောင်
အလွမ်းတွေကို ဖန်တီးခဲ့လေသလား....၊
အပြစ်တင်ရအောင်လည်း
ကြင်နာသူမင်းက
“မုဆိုးတစ်ပိုင်း မိန်းမရိုင်း” မဟုတ်တော့
“သစ်ဖောင်သမားလေး ကိုရင်မောင်”လို
အလွမ်းဇာတ်မျှောမှာ
လည်စင်းခံရတော့မှာလား
လုံမပျို.....
{ZaunG}



ကဗျာလေးကောင်းတယ်။ ချစ်သူကို မုဆိုးတပိုင်း မိန်းမရိုင်းလို့ မခေါ်ရက်ပဲ လုံမပျိုလို့ သုံးသွားတာလေး လှတယ်။