မျက်လုံးထဲက မျက်ရည်တွေ အလိုလိုကျနေတယ်မေမေရယ်... သားလေ စိတ်ဓါတ်ပျော့ညံ့လို့ မျက်ရည်ကျတဲ့ လူစားမျိုးမဟုတ်တာ မေမေသိမှာပါ..၊ အရှုံးတွေထဲက “လမ်းဆုံးခြင်းနဲ့ စွန့်လွတ်ခြင်းအရှုံး”တွေကြောင့်ပါ၊ မေမေ ပြောခဲ့ဖူးတဲ့ စကားတွေထဲက လူတစ်ယောက်မှာ “အောင်မြင်မှုလမ်းစရောက်လာရင် တားဆီးပိတ်ပင်တတ်တာဟာ မတူလို့တုတဲ့လူ” ဆိုပေမဲ့လည်း “သစ်တစ်ပင်ကို ၀ိုင်းတွန်းတာများရင် နဲသွားတတ်ကြတာပါပဲ” မေမေရယ်၊ လူအများပြောသလို “အပင်မြင့်လေ လေတိုက်ခံရလေ”တဲ့ အဲ့ဒီစကားတွေက မှန်နေပေမဲ့လည်း ကိုယ်တွေ့ကြုံမှသိဆိုသလိုပါပဲ၊
မေမေ ပြောခဲ့၊ သားကိုဆုံးမခဲ့တဲ့ စကားတွေကလေ သားကို ညှိ့ငင်ထားတဲ့ မြှားအစင်းပေါင်းများစွာလိုပဲ ရင်ထဲထိရောက်တယ်၊ မေမေ ရဲ့စကားတွေထဲမှာ “အဖေတစ်ယောက်က သားသမီးကို ချစ်ရင်အပေါ်ယံလွှာ မချစ်ပြဘူး စိတ်အတွင်းထဲကပဲ ဖုံးကွယ်ပြီးတော့ နစ်နစ်ကာကာချစ်တတ်ကြတယ်”ဆိုတာ ငြင်းဆန်လို့မရတဲ့ စကားပါပဲမေမေ၊ အဲ့ဒီလိုပဲ သားလည်း လူတစ်ယောက်ကို ချစ်မိတဲ့အခါ အဖေချစ်တတ်တဲ့ အချစ်လိုမျိုး အပြင်မှာ မထုတ်ပြပဲ စိတ်ထဲမှာဖုံးကွယ်ပြီးချစ်ခဲ့မိတယ်၊ ဒါပေမဲ့ မေမေရယ် သူ့ကိုချစ်တာ မထုတ်ဖော်ပြလို့ မချစ်ဘူးလို့ သူက ယူဆထားတယ်။ မေမေရယ် လူတစ်ယောက်ကိုလေ အပြင်ကပဲချစ်ချစ် စိတ်ထဲကပဲချစ်ချစ် ရရှိလာတဲ့ နာကြည်ကြေကွဲခြင်းရဲ့ ရလဒ်က ဆိုးဝါးလှတယ်.၊ အချစ်ဆိုပေမဲ့ သံယောဇဉ်ချစ်ခြင်းပါ၊ မလိုအပ်တာတွေ ဖြစ်လာတဲ့အခါ “တစ်ချိန်က အေးမြပါတယ်ဆိုတဲ့  သံယောဇဉ်မေတ္တာက အခုတော မီးတောင်ပေါက်ကွဲသလို ပူပြင်းစွာ ခံရတယ်”အမေ၊
မေမေ “သံယောဇဉ်ဆိုတာခုတ်ဖြတ်လို့မရတဲ့ ရေစီးကြောင်း”တဲ့ ဟုတ်ရဲ့လား အမေရယ်၊ မေမေတို့ခေတ်တုန်းက စိတ်ထားတွေနဲ့ အခုခေတ်စိတ်ထားတွေက မတူကြတော့ဘူး၊ “ဟိုးအရင်တုန်းက လူတစ်ဦးတစ်ယောက်အပေါ်ချစ်တယ်ဆိုရင်လည်း အဲ့ဒီလူတွေရဲ့ ချစ်ခြင်းမေတ္တာဟာ ခိုင်မြဲကြတယ် နားလည်မှုတွေလည်းရှိကြတယ်၊ ဘယ်သူဖျက်ဖျက် မပျက်တဲ့ ချစ်ခြင်းတွေ”လို့ မေမေပြောခဲ့ပေမဲ့ အခုတော့လေ.....
နိုင်သူက အောင်ပွဲဆင်နိုင်ပေမဲ့ ရှုံးသူမှာ ဒူးထောက်ရသလို ကြင်နာစွာ ပန်းပျိုးတဲ့လက်ကလက်နက် ကိုင်တော့မတဲ့လား

{ZaunG}

ကိုဇောင်းေ၇ ဘာတွေလမ်းဆုံးနေရောက်နေတာလဲ ??
ချစ်မိရင်တော့ ခံစားရဦးမှာပဲဗျ။ အဆင်ပြေပါစေလို့ပဲ ဆုတောင်းတယ်နော့။ ပန်းပျိုတဲ့လက်က ပန်းလေးတွေပွင့်လန်းဖို့ပဲ ဖြစ်ပါစေနော့။
ကိုဇောင်းရေ...
လမ်းဆုံးမှာ သူ့ ကို အရှုံးပေးလိုက်တာလား။
တော်သေးတာပေါ့။
သူကတော့ပျော်နေမိမှာပဲနော်။
ငဇောင်း ငါ့ကို အရှုံးပေးသွားတယ်ဆိုပြီးလေ။။။
သူက ကိုဇောင်းပေးလိုက်တဲ့ အရှုံးတွေ တပွေ့ တပိုက်ကြီးနဲ့ပါ။ ကိုဇောင်း တစ်ယောက် ပျော်ရွှင်ပါစေနော်။
မငုံပြောသလိုပဲ ပန်းပျိုးတဲ့လက်က ပန်းလေးတွေ ပွင့်လန်းရှင်သန်ဖို့ပဲ ဖြစ်နေပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်နော်။
ကိုဇောင်းရေ... မပြောမပြီး မတီးမမြည်တဲ့ဗျ.. ပြောသင့်တာကို ပြောမှ နားထောင်ပေးတဲ့သူကလည်း နားထောင်လို့ရမှာပေါ့။ ကိုဇောင်း စိတ်ထဲကကိစ္စကို သူ့အလိုလို ဘယ်သိမှာတဲ့လဲဗျာ။ သိစေအုန်းတော့ တစ်ဖက်က မိန်းကလေးလေဗျာ။ မြောင်းဖောက်မှ ရေလာမှာပေါ့ကိုဇောင်းရယ်။
ဒီတစ်ခါတော့ ရှိပါစေတော့ ကိုဇောင်းရယ်။ ပန်းပျိုးတဲ့လက်က လက်နက်ကိုင်ရင်တောင် ပန်းကလေးတွေ ရှင်သန်ဖို့ အထောက်အကူဖြစ်စေမယ့် ခရင်းလောက်ဆိုရင် ဖြစ်ပါပြီဗျာ။
နောက်တစ်ခါဆိုရင် ၁၂၃ ဆိုပြီး ပြောစရာရှိတာကို Hip Hop ရွတ်သလို ရွတ်ပေတော့..။ မဟုတ်ရင် ကိုဇောင်း “ဒီဘ၀တော့ နှမ လက်လျော့နေလေအုံးတော့ကွယ်” နဲ့ ညားလိမ့်မယ်။ အဟီး..
ကိုဇောင်းရေ.. ခင်လို့မင်လို့ စနောက်သွားတာပါဗျာ။ စိတ်မရှိပါနဲ့နော်။
yu ya
ဒီတစ်ခါတော့ ရှိပါစေတော့ ကိုဇောင်းရယ်။ ပန်းပျိုးတဲ့လက်က လက်နက်ကိုင်ရင်တောင် ပန်းကလေးတွေ ရှင်သန်ဖို့ အထောက်အကူဖြစ်စေမယ့် ခရင်းလောက်ဆိုရင် ဖြစ်ပါပြီဗျာ.....( just to copy fm KO YU YA comment )