လူတိုင်းမှာ အတိတ်တစ်ခု ဖန်ဆင်းခြင်းသို့မဟုတ် ဖန်ဆင်းခဲ့ကြပါတယ်၊ အဲ့ဒီလို ဖန်ဆင်းခဲ့ကြတဲ့ အတိတ်မှာ ကောင်းခြင်းနဲ့ မကောင်းခြင်းတွေပါပဲ၊ ကောင်းခြင်းဆိုတာ လူသားတို့အတွက် အပြစ်ဆိုစရာမဟုတ်သလို ဂုဏ်ယူဝမ်းမြှောက်ပေးကြဖို့လည်း ၀န်လေးနေတတ်ကြပါတယ်၊ မကောင်းခြင်းမှာတော့ လူတစ်ကာရဲ့ အမြင် လူတစ်ကာရဲ့ အပြုံးတွေဟာ ဆွေးမြေ့နေတဲ့သစ်သားချောင်းလိုပဲ ဟန်ဆောင်ခြင်းကို တန်ဆာဆင်ထားတတ်ကြပါတယ်၊
                        လူတွေမှာ အကောင်းကို အမြင်နည်းပါးစွာ မြင်တတ်ကြပေမဲ့၊ မကောင်းပြူထားသူ အမဲစက်ရှိနေသူကို ဆက်ဆံရမှာ၊ မြေနိမ့်ရာလှံစိုက်သလို ဖြစ်နေတတ်ပါတယ်၊ သူတို့တွေရဲ့ အမြင်မှာ၊ သူခိုးဟာသူခိုး၊ ဆေးသမားဟာဆေးသမား၊ ဆိုက်ကားသမားရဲ့သားဟာ ဆိုက်ကားသမား၊ ဒုစရိုက်သမားဟာလည်း ဒုစရိုက်သမားပါပဲ လို့သူတို့သတ်မှတ်ထားကြတယ်၊ သူတို့ရဲ့ အမြင်မှာ သူခိုးက လူကောင်းပြန်မဖြစ်နိုင်တဲ့ သဘောသက်ရောက်နေပါတယ်။ နောက်တစ်ခုက လူတစ်ဦးတစ်ယောက်မှာ ပြုခဲ့ဖူးသော အမဲစက်တစ်စံတစ်ရာကြောင့် လူတွေရဲ့ ဆက်ဆံပြောဆိုမှုဟာ သိသာခြားနားစေပါတယ်

                        ကောင်းတာတွေကို လုပ်လည်း လူ၊ မကောင်းတာတွေကို လုပ်လည်း လူ၊ ကွာခြားတာဆိုလို့ အဆင့်အတန်းပါပဲ

{ကိုဇောင်း}