အမေ ဆုံးမခဲ့ဖူးတဲ့ စကားတွေအများကြီး ရှိခဲ့တဲ့ အထဲက ““မိမိပြည့်စုံဖို့အတွက် သူတစ်ပါးကို အဖြည့်ခံ မဖြစ်စေနဲ့””တဲ့ ငယ်ငယ်တုန်းက ဘာရယ်မဟုတ်ပဲ အမေပြောသမျှတွေကို နားထောင်ခဲ့တယ်၊ တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေ ရှိလာတော့ အမေပြောခဲ့တာတွေကို ပြန်သတိရမိတယ်။
လူဆိုတာ ကိုယ့်ခြေတောက်ပေါ်ကိုယ်ရပ်တည် ရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကိုယ့်အားကိုယ်ကိုးရမယ် ဆိုတဲ့ ဆောင်ပုဒ် တွေက ရှိနေပြီးသားပါ၊ ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတာ အချိန်အခါ ရှိပါတယ်၊ မွေးကင်းစ ကလေးလေးကို မတ်တပ်ရပ်ခိုင်းတဲ့အခါ လမ်းထလျှောက်ခိုင်းတဲ့အချိန်မှာ မွေးကင်းစ ကလေးလေးအနေနဲ့ ကိုယ်အားကိုယ်ကိုချင်တဲ့ စိတ်ရှိပေမဲ့လည်း အချိန်အခါ ဆိုတာ သူ့မှာ ရှိနေတာကြောင့် မိဘ (သို့မဟုတ်) ဘေးမှာ ရှိတဲ့လူရဲ့ အားကို ကိုးမှာသာ မတတ်ရပ်နိုင်  လမ်းလျှောက်နိုင်မှာပါ၊ ထိုအတူပါပဲ ဘုရားတောင်မှ အမှီမရှိပဲ မပွင့်ခဲ့ဘူး ဆိုသလိုပေါ့၊ သူတစ်ပါးကို အားကိုးတဲ့ အခါမှာလည်း အခိုက်အတန့်ကို ကြည့်ရပါတယ်။ သူတစ်ပါးကို အားကိုးမိတယ်ဆိုရင်လည်းပဲ ခဏသာအားကိုးခြင်းက ကောင်းမွန်ပါတယ် ထာဝရ အားကိုးခြင်းဆိုရင်တော့ အားကိုးခံလိုက်ရတဲ့ လူအနေနဲ့ကလည်း အဖြည့်ခံဖြစ်သွားနိုင်သလို အားကိုးနေတဲ့ လူအနေနဲ့ကလည်း လောင်းရိပ်မိသွားနိုင်ပါတယ်..
မိမိပြည့်စုံဖို့အတွက် သူတစ်ပါးကို အဖြည့်ခံ မဖြစ်စေချင်ပါ...

{ကိုဇောင်း}