အလိမ်ခံလိုက်ရလို့ အပေါင်းအသင်းကြားမှ ရှက်နေတဲ့ မိတ်ဆွေတစ်ယောက်ကို ကြည့်ပြီး ကျနော် စိတ်မကောင်းဖြစ်မိတာအမှန်ပါ၊ အလိမ်ခံလိုက်ရတာကို ရှက်စရာဆိုပေမဲ့လည်း တစ်ကယ်တမ်းတွေးကြည့်ရင် ရှက်စရာမဟုတ်ပါဘူး၊ ဘာကြောင့်လည်းဆိုရင် မိမိနားက တစ်စုံတစ်ခုကို ပေးလိုက်ခြင်း သို့မဟုတ် လာရောက် ချည်းငှားလာသောအခါ တစ်ဖက်လူကို ကိုယ်ချင်းစာခြင်း ထက် ငါချင်းစာသော စိတ်ကြောင့် ပေးလိုက်ခြင်းဖြစ်သလို ယူလိုက်သော တစ်ဖက်လူကတော့ တစ်ကိုယ်ကောင်းအတ္တစိတ်နဲ့ လုပ်ကြံကာ မပေါ်လာဇာတ်ကားရိုက်သွားမယ်ဆိုရင်တော့ ပေးလိုက်သူမှာ ပြန်မရတော့မဲ့အတူတူ လှူလိုက်တယ် ကူညီတယ်လို့ပဲ စိတ်ထဲမှာ ထားကာမှ စေတနာသက်ရောက်ပါလိမ့်မယ်၊ သို့ပေမဲ့ တစ်ကိုယ်ကောင်းအတ္တစိတ်နဲ့ ယူဆောင်သွားတဲ့သူကတော့ သူ့ရဲ့ဘ၀တစ်လျှောက်မှာ အရိပ်အမဲကြီးက လိုက်နေမြဲ လိုက်နေအုံးမှာပါပဲ၊
{ဒီလိုပြောလို့ ခင်ဗျားက အလိမ်မှ မခံရဖူးတာလို့တော့ မပြောစေချင်ပါ ကျနော်လည်း အလိမ်ခံရဖူးသူပါပဲ}

ကိုယ်ချင်းစာခြင်းထက် ငါချင်းစာတတ်စေချင် 
{ကိုဇောင်း}