ရောင်စုံကာရံတွေမစုံညီလှပါပဲ
သတ်ပုံမှားတဲ့ငါ့ရဲ့ည
ဘယ်သူလာကာ
မီးထွန်းခဲ့သလဲ
အဖော်မဲ့စွာပါပဲ
ငါ့ရဲ့ခြေသံကို
ငါပြန်ကြားမိနေတယ်
အိမ်မြှောင်တစ်ကောင်ရဲ့
စုတ်သပ်ချက်သံက
ကြက်သီးအလီလီ
ထစေခဲ့တဲ့နောက်
ငါ့ရဲ့ အရိုင်းညဟာ ပိုလို့
သူစိမ်းဆန်ခဲ့တယ်...
{ကိုဇောင်း}