တစ်ခါတစ်လေ စိတ်အချဉ်ပေါက်သလိုဖြစ်မိတဲ့အခါ မနုဿတွေရဲ့ အကြောင်းကို တွေ့ကြုံဖြစ်ပျက်ခဲ့ဖူးတဲ့ အတိုင်းရေးမိတဲ့အခါ.......
                  တစ်ခါတုန်းက မိုးသည်းထန်စွာ ရွာသွန်းချိန်မှာပေါ့ ကောင်လေးတစ်ယောက် ရေထဲကမျှောလာတာကို အမဲလိုက်မုန်ဆိုးကြီးတစ်ယောက်က တွေ့၍ ဆယ်ယူကယ်တင်ထားလိုက်ပါတယ်၊ ကောင်လေးရဲ့ အသက်မှာ ၆နှစ်သာသာပဲ ရှိပါသေးတယ်၊ ကောင်လေးဟာ သွားစရာလာစရာမရှိ ခိုကိုးစရာမရှိတဲ့အတွက်ကြောင့် မုဆိုးကြီးနားမှာပဲ ခိုကပ်နေနေရပါတယ်၊ မုဆိုးကြီးနဲ့ ကောင်လေးနဲ့က သားအဖ လို ချစ်ခင်စွာ နေထိုင်ကြပေမဲ့ မုဆိုးကြီးမှာ ရှိတဲ့ ညီမက ကောင်လေးအပေါ် အမြင်မကြည်ဘူး ဘာဖြစ်လို့လည်းဆိုတော့ ကောင်လေးရောက်လာတဲ့နောက်ပိုင်း အစ်ကိုဖြစ်တဲ့ မုဆိုးက သူ့ညီမအပေါ် ဂရုစိုက်မှုနည်းပါးလားတော့ မုဆိုးကြီးရဲ့ ညီမ မှာ ကောင်လေးအပေါ် ငြိုးမာန်ဖွဲ့ပါလေရော၊ ကောင်လေးနဲ့ပတ်သက်လာရင် မုဆိုးကြီးရဲ့ ညီမက အမြဲတမ်းအတိုက်အခံ လုပ်တာများလာတော့  တစ်နေ့မှာ ကောင်လေးအပေါ် မုဆိုးကြီးက တစ်မျိုးတစ်မည် ပြောင်းလည်းဆက်ဆံလာတယ် အရင်နဲ့မတူတော့ဘူးပေါ့လေ...။ ကောင်လေးခဗျာ မုဆိုးကြီးကို အားကို၍ နေနေရတာ ဒီကြားထဲ သူ့ညီမက ရန်ရှာရှာနေတော့ အခက်သားလား ပိုဆိုးတာက မုဆိုးကြီးရဲ့ ဆက်ဆံမှုပြောင်းလဲလာခြင်းကြောင့် ကောင်လေးမှာ စိတ်အားငယ်လာခဲ့တယ်၊ သူအားကိုးတဲ့ လူ သူယုံကြည်တဲ့လူက သူ့ကို သူစိမ်းဆန်သလိုဖြစ်လာခဲ့တဲ့နောက် ကောင်လေးမှာ အရွယ်နဲ့မလိုက်အောင် ၀မ်းနည်းအားငယ်မှုတွေနဲ့အတူ မုဆိုးကြီးရဲ့ ချစ်ခြင်းမေတ္တာ နဲ့ ဂရုစိုက်မှုတွေကို မျှော်ကိုးရင်း........။
အားငယ်ခြင်းဆိုတာ နိပ်ကျသွားတဲ့အခါ စွန့်ပစ်သွားတဲ့အခါ အထီးကျန်ဆန်သွားတဲ့အခါ မခေါ်လည်းပဲရောက်လာတတ်သည်
{ကိုဇောင်း}