{ပုံပေါ်က စာတွေပေါ် Mouse တင်ပြီး နိပ်ချင်တာကို နိပ်ကြည့်လိုက်ပါ}


ဒါလေးကတော့ Memu Bar သို့မဟုတ် Image Map ပြုလုပ်နည်းလေးပါ စိတ်ဝင်စားမယ်ဆိုရင်တော့ အရင်ဆုံး Download....!! လိုက်ပါ File Size ကတော့ 1.12 MB ပဲ ရှိပါတယ်။


ထုံးစံအတိုင်း Software ရသွားပြီဆိုရင် run ပေးပြီး အဆင့်အတိုင်း လိုက်လုပ်ရုံပါပဲ...။ အသုံးပြုနည်းလေးက အင်မတန် လွယ်ကူပါတယ်၊ image map လုပ်ချင်တာပဲဖြစ်ဖြစ် image menu တစ်ခု လုပ်ချင်တာပဲ ဖြစ်ဖြစ် အရင်ဆုံးတော့ Photo Edit Software တစ်ခုခု ( ဥပမာ.. Photoshop, Paint....) နဲ့  မိမိလိုချင်တဲ့ ပုံကို ဆွဲပေးဖို့လိုပါတယ်၊ အခု ကျနော်က ဒီ Software လေး နဲ့ ပတ်သက်ပြီး ပြောမှာဖြစ်တဲ့အတွက် ပုံဆွဲနည်းပိုင်းကိုတော့ မပါတော့ဘူးပေါ့ခင်ဗျာ...

၁။  File---->load image ကနေတစ်ဆင့် မိမိဆွဲပြီးသား ပုံကိုယူလိုက်ပါ (ပုံထဲကအတိုင်းဖြစ်သွားပါလိမ့်မယ်)
 

၂။ ဆွဲပြီးသား ပုံထဲက အမျိုးအစားခွဲထားတဲ့ စာတွေမှာ link ထည့်ဖို့အတွက် အရင်ဆုံး နေရာချထားပေးဖို့ရာ အနီရောင် ဘောင်နဲ့ ပြထားတဲ့ နေရာကို တစ်ချက်နိပ်ပြီး မိမိ နေရာချထားလိုတဲ့ နေရာကို ပုံထဲက အတိုင်း လိုက်၍ ဆွဲပေးရပါမယ်။ ပုံထဲကအတိုင်း ပတ်လည်နေရာချထားပြီးရင်တော့ ဘောင်အ၀ါရောင်လေး နဲ့ ပြထားတဲ့ မြှားလေးကို နိပ်လိုက်တဲ့အခါ ပုံ(၃) ထဲကလို ပေါ်လာပါလိမ့်မယ်
( ဒီလိုပဲ နောက်ကျန်ရှိနေတဲ့ နေရာတွေကိုလည်း ထိုနည်းအတိုင်း လိုက်လုပ်ရမှာဖြစ်ပါတယ်)
 

၃။ Area Name ကတော့ မိမိပေးလိုတဲ့ အချက်ရဲ့ အမည်ကို ထည့်ရမှာဖြစ်ပြီး
ဘောင်အနီနဲ့ ပြထားတဲ့ URL: မှာတော့ မိမိထည့်လိုတဲ့ link ကို ထည့်ရပါမယ်
Destination Target: မှာတော့ လိမ္မ်ာရောင်ဘောင်နဲ့ပြထားတဲ့ နေရာကိုတစ်ချက်နိပ်ပြီး _BLANK ကိုရွေးပေးရပါမယ် _BLANK ကိုရွေးပေးရရင်း အကြောင်းက link ကိုနိပ်လိုက်တဲ့အခါ စာမျက်နှာအသစ်မှာ ပေါ်ဖို့အတွက် ရည်ရွယ်ရင်းဖြစ်ပါတယ်
 


၎။ အထက်က အဆင့်အတိုင်း လုပ်ပြီးသွားပြီဆိုရင်တော့ Code တွေကို ရယူဖို့အတွက် ပုံထဲကလို Html ကို နိပ်ပေးရပါ့မယ်။
 


၅။ Html ဆိုတဲ့ ခလုတ်လေးကို နိပ်ပြီးသွားတဲ့အခါ အောက်ပါပုံတိုင်းတွေ့ရပါလိမ့်မယ်၊ သူပေးထားတဲ့ code တွေကို Copy & Save လုပ်ရပါမယ်

အရင်ဆုံး Code ကို နိပ်ထားလိုက်ပါ


ဒါကတော့ Menu တစ်ခုပြုလုပ်ပြီးတဲ့အပိုင်းပါ၊ ကျန်တာကတော့ မိမိဆွဲထားပုံကို Upload ဖို့ ကျန်ပါသေးတယ်၊ Upload ပြီးရင်တော့
 ပုံ(၅)ထဲက <img src=" ဒီနေရာမှာ ပုံ link ">ကို ထည့်ဖို့ လိုပါတယ်၊
ဒီဆော့ဝဲလ်လေးက 1.12MB ပဲ ရှိတယ်ဆိုပေမဲ့ လုပ်တတ်သလောက် အသုံးဝင်ပါတယ်၊ ကျနော့် Blog မှာ ထည့်ထားသလိုဆိုရင် Layout---> Page Elements---> Add a Gadget ထဲက HTML/JavaScript ကိုရွေးပြီး Code ထည့်၍ အသုံးပြုနိုင်ပါတယ် ( မိမိတတ်ကျွမ်းသလို အသုံးဝင်ပါ၏) တစ်ကယ်တမ်းက အလွယ်ဆုံးလေးပါ ကျနော် စာရေးတာ ရှည်သွားတဲ့အတွက် လွန်တာရှိ ၀န္ဒာမိ....

အပေါ်ဆုံးမှာ ထည့်ထားတဲ့ ပုံလေးရဲ့ Code နမူနာလေးပါ <img src="http://img26.imageshack.us/img26/9471/menublogc.gif/" usemap="#menu ( blog)" border="0">
<map name="menu ( blog)">
<area shape="poly" coords="8,34,62,38,66,16,64,12,4,12,8,34" href="http://myanmarmultiplyszone.ning.com/"
title="မြန်မာ မာတီရပ်ဝန်း" target="_BLANK">
<area shape="poly" coords="76,32,132,36,132,14,76,12,76,32" href="http://makingburmarmultiply.multiply.com/" 
 title="မြန်မာ မာတီပြုလုပ်နည်း" target="_BLANK">
<area shape="poly" coords="144,36,144,12,192,14,190,34,144,36" href="http://myanmarbloggersociety.ning.com/"
 title="မြန်မာ ဘလော့ဂါများ" target="_BLANK">
<area shape="poly" coords="90,70,96,44,198,50,198,74,90,70" href="http://www.zaung.net" target="_BLANK">
<area shape="poly" coords="152,96,152,78,16,76,8,78,8,88,8,94,152,98" href="http://mraungj.multiply.com" 
title="ပထမဆုံး လုပ်ထားတဲ့ Site လေး မာတီပလိုင်းကပါ" target="_BLANK">
</map>

{ကိုဇောင်း}