မြန်မာ့ သမိုင်းနဲ့ ပတ်သက်လို့ မြန်မာတစ်ယောက်အနေနဲ့ သိသင့်လေ့လာသင့်တယ်လို့ ကျနော်ယူဆမိပါတယ်၊ ငယ်ငယ်တုန်းက ကျောင်းစာတွေ သင်ခဲ့ရတာတွေ အလွတ်ကျက်ခဲ့ရတာတွေက ဆရာ ဆရာမတွေ ပြောတဲ့ ပုံပြင်လိုလို ဒဏ္ဍာရီလိုလို နဲ့ စာတွေကို အလွတ်ကျက် စာမေးပွဲတွေမှာ ဖြေခဲ့ရပါတယ်၊ ဗမာ့ရာဇာဝင်သမိုင်းထဲက သူရဲကောင်းတွေကို ပုံနဲ့တကွ မြင်နိုင်ဖို့က ကျောင်းစာထဲမှာ သိပ်မရှိသလောက်ပါပဲ အခုတော့ ဗမာ့ပုံရိပ်တစ်ချို့ကို တွေ့မြင်နိုင်ပါပြီ၊ ဒီလိုစုဆောင်း ထိန်းသိမ်းလာတဲ့ လူကြီးမင်းများကို အထူးကျေးဇူးတင်မိတာအမှန်ပါ၊ တစ်ကယ်တော့ ဒါတွေဟာ တန်ဖိုးဖြတ်လို့မရတဲ့ အဖိုးတန်တွေထဲက ရတနာတစ်ပါးဆိုလည်း မှားမယ်မထင်မိပါ၊

ကျနော် တစ်နေ့က CityMart ကိုရောက်တုန်း စာအုပ်တန်းဖက် ကြည့်မိလိုက်တဲ့အချိန်မှာ မြန်မာ့သမိုင်းပုံရိပ်နဲ့ပတ်သက်လို့ ဒီစာအုပ်လေးကို တွေ့ရှိခဲ့ပါတယ်။ စာအုပ်လေးထဲမှာ “ရေကြည်မနှောက် ထီးနန်းမပျောက်”ခင်က ပုံရိပ်တွေကို ရှားရှားပါးပါး ရှာဖွေစုစောင်းတင်ပြထားတာကို တွေ့ရတာနဲ့ ၀မ်းသာအားရ၀ယ်ယူခဲ့ပါတယ်၊ ကြော်ငြာအနေနဲ့ပြောရရင် စာအုပ်တစ်အုပ်မှ ၂၅၀၀ ကျပ်သာ ပေးရပြီး တန်ဖိုးရှိလှတဲ့စာအုပ်လေးတစ်အုပ်ပါ၊ စာအုပ်ထဲမှာ မင်းတုန်းမင်း ကနေ သီပေါမင်းပါတော်မှု တဲ့နောက်ပိုင်းအထိ ပါပါတယ်၊ အခုတင်ပြထားတဲ့ ပုံတစ်ချို့ကတော့ စာအုပ်ထဲက ပုံအနည်းအငယ်သာဖြစ်ပါတယ်၊ စာအုပ်ထဲမှ ပုံများကို စုဆောင်းတင်ပြသူကတော့ ဆရာဝန်တင်မောင်ကြည်(မန္တလေး) ဖြစ်ပါတယ်။

{ဒါကတော့ စာအုပ်ရဲ့ အဖုံးကာဗာ ပါ}




{ဟို..ယခင်တုန်းက ယောင်္ကျားမှန်ရင် ထိုးကွင်းရှိရမယ်လို့ ယူဆသောကြောင့် ယောင်္ကျားမှန်ရင် ထိုးကွင်းနဲ့မကင်း}

{ဟို...ယခင်က အများအခေါ် လူငမျောက်မဖုံး နှင့် မိသားစု}

{ရှမ်းပြည်က ဂုံမင်းသမီး}



နောက်ထပ်ကြည့်ချင်သေးတယ်ဆိုရင် အောက်မှာ ပေးထားပါ၏.....
Burma History ( 1 )
Burma History ( 2 )
Burma History ( 3 )
Burma History ( 4 )
Burma History ( 5 )
{ကိုဇောင်း}