လွမ်းမောမိခဲ့သမျှ စိတ်ကိုခ၀ါချမိသော်လည်း စိတ်ချဉ်ခြင်းတတ်မှုတွေက ဆယ်ဆယ်လီတစ်ရာလိုပဲ စိတ်က သပွတ်အူလို ရှုပ်တွေလှ၏၊ စကားစကားမေးပါများတော့လည်း ဖြေရသူမှာ ယုန်ကလေးနှာစေး၏၊ အခန်းကျဉ်းလေးထဲက ပိုးဟပ်တစ်ကောင်လိုပဲ စိတ်က တစ်ခါတစ်လေ မှာ နံစော်နေတတ်တဲ့အခါ သည်းခံနိုင်စွမ်းက သဲထဲရေသွန်သလို ပျောက်ဆုံးသွားတတ်၏၊
လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုရင် ဘာကြောင့် ကောင်းကင်နဲ့ပင်လယ် ပေါင်းစပ်လို့မရနိုင်တာလည်း၊
လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုရင် ဘာကြောင့် လေကိုဆုပ်ကိုင်လို့မရတာလည်း၊
အဲ့ဒီလိုပဲ တစ်ခါတစ်လေ ခပ်မှိန်းမှိန်း ချဉ်စုပ်စုပ် ပုစိညှောင့်တောင့်အတွေးလေးတွေက ခေါင်းထဲမှာ ပလုံစီလာသောအခါ....
လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုရင် ဘာကြောင့် ကောင်းကင်နဲ့ပင်လယ် ပေါင်းစပ်လို့မရနိုင်တာလည်း၊
လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုရင် ဘာကြောင့် လေကိုဆုပ်ကိုင်လို့မရတာလည်း၊အဲ့ဒီလိုပဲ တစ်ခါတစ်လေ ခပ်မှိန်းမှိန်း ချဉ်စုပ်စုပ် ပုစိညှောင့်တောင့်အတွေးလေးတွေက ခေါင်းထဲမှာ ပလုံစီလာသောအခါ....
{ကိုဇောင်း}



ပြီးတော့ ဘာဆက်ဖြစ်လဲဟင်... :)
ဟိုနင်း... မရနိုင်လဲ အဲလို မေးခွန်းလေးတွေဆို လဲ လို့သုံးရတယ် ကိုဇောင်းရေ.. နောက် စုပ်ကိုင် မဟုတ်ဘူး ဆုပ်ကိုင် .... စာသားလေးတွေက ကောင်းပါတယ်... ဒါပေမယ့် စာလုံးပေါင်းလေးတွေ မှားနေတော့ ဖတ်ရတာ တမျိုးဖြစ်ဖြစ်သွားတယ်...