စိတ်ထဲမှာ ခံစားမှုတွေ မွန်ကြပ်လာတာများတော့ ပေါက်ကွဲချင်လာတယ်၊ သီးခံမျိုသိပ့်နိုင်စွမ်းလည်း ဖိအားများလွန်းလာတယ်၊ ခလုတ်ထိမှ အမိသ အဖသ သတဲ့လား၊ အဲ့ဒီဆိုရိုးလည်းကျနော် မကျင့်သုံးဘူး၊ လူလူချင်း အတူတူဆိုပေမဲ့ အဖြူအမဲ ပဲကွာခြားခဲ့တယ်၊ သို့ပေမဲ့ ကျနော့်ရဲ့ ရင်ထဲက အဖေကို ကျနော်တိုင်တည်ကိုးကွယ်ရင်းနဲ့.....
ရင်ထဲက အဖေ ဒီချိန်ဆိုရင် အဖေ ဘယ်ဘုံဘ၀မှာ ရောက်နေမလဲ၊ ကျနော်မှန်းမျှော်မိတယ်၊ အဖေဟာ မြင့်မြတ်တဲ့စိတ်အပြည့်ရှိတဲ့လူ၊ စိတ်ထားကောင်းတဲ့လူ၊ စေတနာတွေ အပြည့်အ၀ရှိတဲ့လူ၊ ကိုယ်ချင်းစာနားလည်ပေးနိုင်တဲ့လူ၊ သနားကြင်နာတတ်တဲ့လူ၊ အရာရာမှာ ကောင်းမွန်တဲ့ လူတစ်ယောက်ကို ဘာလို့များ လောကကြီးထဲက ကျနော့်ရင်ထဲက စွဲခေါ်ထုတ်သွားသလဲ၊ ၀မ်းနည်မိပါတယ်အဖေ၊ အဖေရှိခဲ့ချိန်က လူတစ်ကာတွေရဲ့ လက်ညိုးထိုးမှုကို မမြင်ခဲ့ဖူးဘူး၊ လူမှု့ရေးအရ တိုက်ခိုက်တာ မခံခဲ့ဖူးဘူး၊ ကျနော့်ရဲ့ ဘေးမှာ အမြဲတမ်းအားပေးခဲ့တဲ့အဖေ၊ အဖေမရှိတော့တဲ့အချိန်မှာ ခြင်္သေ့ပေါက်ကလေးကို မြေခွေးတွေ ၀ိုင်းဆွဲသလိုပဲ ခံရတဲ့အခါ အဖေ့ကို တမ်းတမိပေမဲ့၊ အဖေဟာ ကျနော်မမြင်နိုင်တော့တဲ့ အဝေးဆုံးကို ရောက်နေပါပြီ၊
လောကမှာ ကျနော့်ရဲ့ စိတ်နဲ့ ကျနော့်ရဲ့ အပြုံးကို ခန့်မှန်းနိုင်တဲ့လူတစ်ယောက်ဟာ အဖေပါပဲ၊ အဖေဟာ ကျနော့်ရဲ့ စိတ်နဲ့ကျနော့်ရဲ့အပြုံးကို ကောင်းကောင်းနားလည်ခဲ့တဲ့ အမဲလိုက်မုဆိုးတစ်ယောက်လိုပဲ၊ အခုတော့ အဖေမရှိတော့တဲ့အချိန် ကျနော့်ရဲ့ စိတ်နဲ့ကျနော့်ရဲ့ အပြုံးကို သူတို့တွေ နားမလည်နိုင်ကျတော့ဘူး၊ မရတာကိုမှ လိုချင်မိတဲ့ ကလေးလေးတစ်ယောက်လို ကျနော်လေ အဖေ့ကို ပြန်လည်တမ်းတမိပါတယ်၊ သဲထဲကရေကို ပြန်လိုချင်မိနေသလိုပါပဲ၊ ကျနော်နောင်တမရခဲ့ပါဘူး၊ အဖေရှိခဲ့ချိန်တုန်းက အဖေ့ကို ချစ်တဲ့အကြောင်းကို ပြောခဲ့ဖူးလို့ပါပဲ၊
လူတစ်ယောက်ရဲ့ ဘ၀မှ မမေ့နိုင်တာ ရည်းစားဦးလို့ ဆိုရိုးရှိပေမဲ့ အဲ့ဒီဆိုရိုးတွေထက် မြင့်မြတ်တာတွေ ရှိပါတယ် ၅၂၈ မေတ္တာအပိုင်းလေးတွေမှာ မျက်ရည်ကျလောက်တဲ့ အမှတ်တရတွေဟာ လူတိုင်းကိုယ်စီရှိကြမယ်လို့ထင်ပါတယ်၊ အမှတ်တရဆိုတာ လက်ဆောင်ပေးမှ အမှတ်တရအမည်ထွင်တာမဟုတ်ပါဘူး၊ တစ်ကယ်တမ်းက စိတ်ကို အမှတ်တရဖြစ်စေတာကမှ စစ်မှန်တဲ့ အမှတ်တရလို့ ဆိုနိုင်မှာပါ။

{ZaunG}