ဘ၀မှာ ဖြစ်ချင်ဆုံးအရာထက် စိတ်၏စေရာ ခိုင်းစေသမျှကိုတာ ခရီးဆက်နေရတဲ့အခိုက်အတန့်အတွင်း မိမိကိုယ်ကိုကိုယ် စိတ်ရဲ့ကျေးကျွန် ဖြစ်မှန်းမသိဖြစ်ခဲ့ရတာဟာ စိတ်ကို အနိုင်မတိုက်နိုင်ခဲ့လိုပဲဆိုတာ တစ်ထစ်ချယုံကြည်ဖို့လိုပါသည်။
တိုးတတ် အောင်မြင်ရေး အကြောင်းတွေကို ရေးတဲ့ စာရေးဆရာတွေမှာ သူတို့ကိုယ်တိုင် တိုးတတ်လမ်းကြောင်းပေါ် မရောက်ပေမဲ့ ဖတ်ရှု့သူမှာ တိုးတတ်လမ်းကြောင်းပေါ် ရောက်ရှိသွားတာ တစ်ရာမှာ ရှစ်ဆယ်လောက်ရှိပါသည်။ ဒါဟာဘာကြောင့်လဲဆိုတာ အဖြေများစွာရှိသည်။ တစ်ခါတစ်လေမှာ အများအတွက် ရသမြှောက်ပေမဲ့ မိမိအတွက် ရသမမြှောက်တဲ့အခါ ဇာတ်ထဲမှာတော့ သဌေးသား ရပ်ကွက်ထဲမှာတော့ အကြွေးစားဆိုသလိုဖြစ်နေတတ်ပါသည်။
ဘ၀တိုက်ပွဲတစ်ချို့ရဲ့ စစ်မြေပြင်မှာ အရှုံးပေးလိုက်ရတယ်ဆိုပေမဲ့လည်း ပေးလိုက်ရတဲ့အရှုံးဟာ တစ်ခါတစ်ရံမှာ အနိုင်ရရှိသွားတတ်ပါတယ်၊ ဒါဟာလောကကြီးရဲ့ မျက်လှည့်အတတ် သို့မဟုတ် နိယာမ တစ်ခုအဖြစ် သတ်မှတ်ရပေသည်။
ဒိသာပါမောက္ခကြီးက ပြောလိုက်တယ် မောင်မင်း ဒီငရုတ်သီးကို စားရင် စပ်မယ် မစားနဲ့ ဆိုသောအခါ လူတို့မည်သည် မျောက်နှင့်သဏ္ဍန်တူသောကြောင့် အရာရာစူးစမ်းချင်စိတ်ရှိကာ ငရုပ်သီးကို စပ်တယ်ပြောလည်း စားကြည့်ကြမှာပါပဲ၊ ထိုအခါမှ မျောက်မီးခဲကိုင်မိကာ ဇက်ကနဲ လွတ်ချသလို စပ်သောအရသာကို သိနိုင်မှာဖြစ်ပါတယ်၊ ထိုအရာက လူရဲ့စိတ်သဏ္ဍန်များစွာအနက်မှ သဲတစ်ပွင့်စာလောက်ကို ပမာနှိုင်း၍ ပြောခြင်းဖြစ်ပါသည်။

{ကိုဇောင်း}

စိတ်တိုက်ပွဲလာဖတ်သွားတယ်
ဇောင်းရေ....
စိတ်ကိုတော့မနိုင်သေးတာအမှန်ပါပဲ
:)
စိတ်တိုက်ပွဲကို ဖတ်ပြီး တိုက်ခိုက်နိုင်အောင် ကြိုးစားပါမည်။ လက်နက်အပြည့်ဆောင်ထားပါမည်။
တလွဲမတွေးရ (စိတ်တိုက်ပွဲကိုဆိုလိုခြင်းဖြစ်သည်)
ဥပမာများလဲ အင်မတန်ကောင်း၏။
ကျနော်လည်း စိတ်ရဲ့ ကျေးကျွန်အဆင့်ပဲ ရှိသေးတယ်....