လူတစ်ယောက်ကို အဓိက ပံ့ပိုးနေသောအရာမှာ ယဉ်ကျေးမှုနှင့်အဆင့်အတန်းလို့ ကျွန်ုပ်မြင်မိပါ၏။ ယဉ်ကျေးမှုဟုဆိုရာ၌ ကိုယ်၊နှုတ်၊စိတ်၊ ယဉ်ကျေးပေမှ လူရာဝင် နိုင်ပါသည်။ ဓနဥစ္စာဖြင့် လူတောတိုးနိုင်သည်။ သို့သော် ဤအရာက စစ်မှန်သော ခင်မင်ပေါင်းသင်းမှုကို မရနိုင်ပါ၊ နောက်ထပ် ယဉ်ကျေးမှုနဲ့ ပတ်သက်၍ ဂုဏ်ပကာသနတွေ ပညာရှိတွေ အဆင့်အတန်းမြင့်မားသူတွေဟာ မြို့ကြီးပြကြီးမှာနေသူမဟုတ်ပဲ တောချုံအုံကြားရွာတွေမှာ နေသူကို စကားပြောမယဉ်ကျေးသူ၊ ရိုင်းစိုင်းသူ၊ လူမှုရေးနားမလည်သူဟု သတ်မှတ်ကြသည်၊ ဤသို့ဆိုသော် ခေတ်ပညာတတ်တွေ ဥစ္စာဓနပေါကြွယ်ဝသူတွေ အဆင့်အတန်းမြင့်မားသည်ဟု ယူဆထားသူတွေမှာတော့ ယဉ်ကျေးကြသည်လော။ ကျေးတောရွာသူတွေလို လူလူချင်း တန်းတူဆက်ဆံနိုင်မည်လော၊ မိမိထမင်းဝိုင်းသို့ အလည်လာသူကို စစ်မှန်သော စေသနာဖြင့် ခေါ်ဝင်နိုင်ပါ့မလား၊ ထိုသို့မဆိုနိုင်ပါ၊ ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသည်ဟု ယူဆထားသူမှ ကြားမိသည်မှာ လူဆိုတာ တန်ရာတန်ရာ တူရာတူရာကိုဆက်ဆံရတယ် တဲ့ ထိုသို့ဆိုလျှင်ဖြင့် ထိုသူဟာ အဆင့်အတန်းမည်မျှ ခွဲခြားထားသည်ကို ဓါတ်မှန်ရိုက်စရာမလိုအောင် ပေါ်လွင်နေပါသည်။ အဆင့်အတန်း၏ နောက်ကွယ်နောက် မာနနှင့်အတ္တကို ရောနှောထားသည်ဖြစ်၍ ကိုယ်ချင်းစာနိုင်ဖို့ဆိုတာ ထိုသူ၌တွေ့မြင်ရခက်သောအရာပါ။
ယဉ်ကျေးမှုတစ်ခုရဲ့ အမွှာတစ်ခုဖြစ်သော အရာမှာ စကားဖြစ်ပါသည်။ စကားသည် လူတစ်ယောက်အတွက် အရေးကြီးသော အသုံးဝင်သော အရာဖြစ်ပါသည်။ ထိုအရာကို မသုံးတတ်က သေစေနိုင်သည် သုံးတတ်ပါက ချမ်းသာရာရောက်ပါ၏။ ပမာနှိုင်း၍ပြောရသော်.... ကျွနိုပ်ရေဆာသောအခါ သင့်အားကျနိုပ်ရေတောင်းပါမည်။ ရေတောင်းရာ၌ ကြမ်းတမ်းသောစကားနှင့်နှူးညံ့သော စကားဟူ၍ နှစ်ခုရှိပါသည်။ “ကျွန်တော်ရေသောက်ချင်လို့ ရေတစ်ခွက်လောက်ပေးပါခင်ဗျာ” “ငါ့ကိုရေတစ်ခွက်လောက်ပေးစမ်း” ထိုစကားနှစ်ခွန်းတွင် သင့်အနေနဲ့မည်သည့်စကားကို လက်ခံနိုင်မည်နည်း။ကြားရသူအနေဖြင့် မည်သူစကားက ချိုသာနိုင်မည်နည်း။ စကားပြောရာနိုင် ပေးသူနှင့်ယူသူဟု၍ ရှိပါသည်။ ပေးသူမှာ စကားကို ကြမ်းတမ်းစွာပြောနိုင်ပေမဲ့ ယူသူမှာ ကြမ်းတမ်းသောစကားကို ဆိုခြင်းဖြင့် ဒုက္ခရောက်နိုင်ပါတယ်။ ကြမ်းတမ်းသော စကားနှင့် နှုးညံ့သော စကားကို ပြောရာနိုင် မည်သို့ အကျိုးခံစားရကြောင်းကို ကျွန်ုပ်တို့ ကျောင်းစာတွင် မင်းသားသုံးဦးနှင့်မုဆိုးတစ်ယောက်အကြောင်းကို သင်ခဲ့ရဖူးပါသည်။ အပြောအဆိုကြမ်းတမ်းသည်ဟုဆိုရာတွင် တောချုံအုံကြား ကျေးတောရွာနေသူများသာ မဟုတ်ပဲ မြို့ကြီးပြကြီးတွင်နေထိုင်ကြသော အဆင့်အတန်းရှိသူများလည်း စကားပြောဆိုရာ၌ ရိုင်းစိုင်းသည်ကိုလည်းတွေ့ရပါသည်။ စကားပြောရာ၌ သတိထားရမည်မှာ စကားသည်အပြောမတတ်တော့ ဆဲသလို ဖြစ်စေနိုင်သောကြောင့် အထူးသတိထားရပေမည်။ တစ်ချို့တွေလည်း စာဖတ်လွန်တာနှင့် ပညာတတ်လွန်သွားသော အခါ၌လည်း စကားပြောရာ၌ လွန်တာတွေလည်း တွေ့ရပါသည်။ တစ်ကယ်တော့ ထိုအရာသည် အဆင့်အတန်းမည်မျှ ရှိစေကာမှု ဗီဇ နှင့် ပတ်ဝန်းကျင်အနေအထိုင်ကြောင့် ကွဲပြားခြားနားစေပါသည်။

{ကိုဇောင်း}

ကိုဇောင်းရဲ့ ကိုယ်ပိုင်ခံစားချက်လေးတွေကို မှတ်ရှုသွားပါတယ်ဗျာ။
yu ya
ပျားသကာလို ချိုလှစေ ဆိုလား ကြားဖူးတာပဲဗျာ။
Nice ! အပြောအဆို ယဉ်ကျေးဖို့ အလွန်ကို အရေးကြီးပါ၏။။
လေးစားလျှက်
သျှင်
ပို့စ်လေးကကောင်းပါတယ်ခင်ဗျ။ ဘာသာရေးရှုထောက်က ကြည့်မယ်ဆိုရင်လဲ ၀စီကံကို စောင့်ထိန်းရာရောက်ပါတယ်။ အခုလိုမျိုး ပို့စ်ကောင်းလေးတွေကိုဖတ်ရလို့ ဗဟုသုတတိုးပွါးပါတယ် အစ်ကိုရေ..
လူတဖတ်သားကို နှဝင်ချိုအောင်ပြောတာလဲ ဒီနှတ်ပဲ ဒေါသထွက်အောင်လုပ်တာလဲ ဒီနှတ်ပဲ ....အားတက်အောင် လုပ်တာလဲသူပဲ စိတ်ဓာတ်ကျအောင်လုပ်တာလဲသူပဲ အဲတော့ သူကအရေးကြီတယ်နော်..း)
ခက်တယ်ဗျ တချို့က ခပ်ရိုင်းရိုင်းပြောမှနားလည်တာ..။ အဓိက ကတာ့ စိတ်အခန့်မသင့်တဲ့အချိန်မှာ ပိုဆိုးတယ်။ ဘာဖြစ်ဖြစ်ပါ စကားချိုချိုသာသာ ပြောတာ အကောင်းဆုံးပါပဲ။
ကိုယ်က စပြီးနားလည်ပေးနိုင်ဖို့ပဲ လိုတယ်လို့ ထင်မိတာ။
တစ်ခါတစ်လေ မရည်ရွယ်တာမျိုးလဲ ရှိတယ်။
ဒီမှာ မြန်မာ စကား သိပ်မတတ်တဲ့တိုင်းရင်းသူလေးတွေနဲ့ တွေ့တယ်။
သူတို့က ချစ်ချစ်ခင်ခင် နှုတ်ဆက်တာ ကိုယ့်ကို
" ဟဲ့ ကောင်မ" တဲ့။
တကယ်က သူတို့ ခင်ရှာကြတာပါ။
"နင်က ဘယ်က လာသလဲ" လို့ မေးတော့ ကောင်းကောင်းမွန်မွန် ပြန်ဖြေရတာပေါ့။
ဒီလိုပါပဲ။
သူများက အရေးမကြီးပါဘူး။
ကိုယ်က အရေးကြီးတာ။