ဒီအချိန်ဆို
အဖေနဲ့အမေ
နေကောင်းပါရဲ့လား....

ဒီအချိန်ဆို
အစ်ကိုနဲ့အစ်မ
နေကောင်းပါရဲ့လား....

ဒီအချိန်ဆို
ညီလေးနဲ့ညီမလေး
နေကောင်းပါရဲ့လား...

နွေးထွေးတဲ့
အသိုက်အမြုံလေးကို
မလွဲတာလို့
ကျောခိုင်းထွက်ခွာခဲ့ရတယ်
ပူပင်စွာ သူတို့တွေ
မျှော်နေလေမလား.....

တစ်နယ်တစ်ကျေးကို
ထွက်ခွာလို့
ရေမြေခြားသွားလည်း
အသိုက်အမြုံလေးရဲ့
ပျော်ရွှင်နွေးထွေးခြင်းတွေနဲ့အတူ
မျှော်လင့်စောင့်စားနေမယ်ဆိုတာ
သိနေရက်ပေမဲ့လည်း.....

လွမ်းရေးထက်
ဝမ်းရေးက
ပူလောင်နေတတ်တာ
လွန်ဆန်လို့မရတဲ့
ဘ၀စာမျက်နှာတစ်ခုမို့....

အချိန်တန်လို့
အိမ်ပြန်မလာခဲ့ရင်တောင်
ရင်မှာရည်စူး
စိတ်ကူးလေးနဲ့
ရောက်နေတတ်သည်.....။
{ကိုဇောင်း}