Blog မှာ ပုံနဲ့တစ်ကွ စာတွေတင်ဖို့ရာ ပုံကိုUpoad တဲ့အခါ ပုံရဲ့Size က ကြီးနေမယ်ဆိုရင် {ပြည်ပမှာဆိုရင်တော့ ကိစ္စ မရှိဘူးပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းက လူတွေလည်းကြည့်ဖို့ရာ အဆင်ပြေဖို့လိုပါ၏} ပြည်တွင်းမှာက ကော်နက်ရှင်က နှေးတာကြောင့် ပုံရဲ့Size ကြီးနေတဲ့အခါ အဆင်မပြေမှုလေးတွေ တွေ့လာနိုင်ပါတယ်၊ နောက်တစ်ခုက ပုံကို Email မှာ ပို့တဲ့အခါ ပုံရဲ့Size ကြီးနေတဲ့အခါ ပို့တဲ့လူမှာရော ပြန်ပြီး Download ယူတဲ့လူမှာရော အခက်တွေ့နိုင်ပါတယ်၊ အဲ့ဒီအတွက် အခု ပြောမဲ့ Software လေး ပုံရဲ့ စွမ်းဆောင်မှုကတော့
3.32mb ရှိတဲ့ ပုံကို 895KB အထိ လျော့ချပေးပါတယ်
အဲ့ဒီလိုလျော့ချပေးလို့ ပုံရဲ့ အရည်အသွေးတွေ အလျားအနံတွေ လျော့သွားမယ်မထင်ပါနဲ့ မူရင်းအတိုင်းပါပဲ၊စိတ်ဝင်စားမယ်ဆိုရင်တော့ Download နိုင်ပါ၏၊
အဲ့ဒီလိုလျော့ချပေးလို့ ပုံရဲ့ အရည်အသွေးတွေ အလျားအနံတွေ လျော့သွားမယ်မထင်ပါနဲ့ မူရင်းအတိုင်းပါပဲ၊

Software က ပေါ့ပါးပြီး သုံးရလွယ်ကူပါတယ်၊
ဒါပေမဲ့ Size လျော့ဖို့အတွက်ပဲ ပြောစရာရှိပါတယ်၊
Size ကို လျော့ဖို့အတွက် Setting ကို သွားပါ။

Quality မှာ အဓိက ချိန်ပေးရမှာက အလွန်ဆုံး 80 အထိပဲ ရွေးပေးပါ ပြီးရင် Ok ကို နိပ်ဖို့ပဲလိုပါတယ်၊

ကျန်တာကတော့ ပြောစရာလိုမယ်မထင်တော့ပါဘူး အလွယ်ကူဆုံးမလိုပါ၊ အားလုံးပဲ အဆင်ပြေပါစေခင်ဗျာ..။
Update from ကိုညီလင်းဆက်...........................
ပုံအရည်အသွေးကောင်းရင် ၆၀ လောက်အထိ လျှော့လို့ရတယ်
ပုံကို ဆိုဒ် ချုံ့မယ် ဆိုရင်တော့ ၈၀ အထိပဲထားရပါတယ်
{ကိုဇောင်း}




အလကားရလို့ကတော့ ပဒိုင်းသီးတောင် အရူးခံစားတာ..... လာထား... ယူသွားတယ်ဗျား..။