ရိုက်ပြီးသားဓါတ်ပုံတွေကို အဖြူအမဲ လုပ်လို့ရတာ အားလုံးအသိပါ၊ ထိုအတူ အဖြူအမဲထဲမှာမှ အရောင်ပြန်ခွဲတာကိုလည်းသိပြီးတာဖြစ်ကြမှာ၊ FaceBook မှ Pon Gyi ကမေးထားတာကြောင့်၊ အားလုံးက သိနေပေမဲ့လည်း မသိသေးတဲ့လူများအတွက် အထူးရည်ရွယ်ပါ၏....
ကျနော်အနေနဲ့ အရင်ဆုံး Photoshop Program ကို ဖွင့်လိုက်ပြီး ကျနော်လိုချင်တဲ့ ဓါတ်ပုံကို Open ယူလိုက်ပါတယ်၊

{ကျနော်အနေနဲ့ ဒီနေကြာပန်းပုံလေးကို ရွေးထားလိုက်ပါတယ်}


ကျနော်အနေနဲ့ အရင်ဆုံး Photoshop Program ကို ဖွင့်လိုက်ပြီး ကျနော်လိုချင်တဲ့ ဓါတ်ပုံကို Open ယူလိုက်ပါတယ်၊

{ကျနော်အနေနဲ့ ဒီနေကြာပန်းပုံလေးကို ရွေးထားလိုက်ပါတယ်}
အောက်ပါပုံအတိုင်း ပွင့်သွားပြီဆိုတော့ အရောင်ခွဲဖို့ကျန်ပါတယ် အရင်ဆုံးအရောင်မခွဲခင် အခုရှိနေတဲ့ ပုံကို အဖြုအမဲဖြစ်အောင် လုပ်ရပါတယ်

အလွယ်ကူဆုံးနည်းအနေနဲ့ Ctrl+Shift+U ကို တွဲနိပ်ပေးလိုက်မယ်ဆိုရင် အောက်မှာပြထားတဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်...

{အဖြူအမဲ လိုချင်ရင်လည်း ထိုနည်းအတိုင်းလုပ်ယူလို့ရနိုင်ပါတယ်}

{အဖြူအမဲ လိုချင်ရင်လည်း ထိုနည်းအတိုင်းလုပ်ယူလို့ရနိုင်ပါတယ်}
အဖြူအမဲပုံဖြစ်လာပြီဆိုရင် အရောင်ခွဲဖို့ပဲကျန်ပါတော့တယ် အဲ့ဒီအတွက် History Brush Tool ကိုသုံးရပါတယ် အောက်ပါ ပုံကို ကြည့်နိုင်ပါ၏။


History Brush Tool ကိုရွေးပြီးတော့ ပုံထဲက မိမိလိုချင်တဲ့ နေရာကို လိုက်၍ ပွတ်ပေးလိုက်ရုံပါပဲ၊


History Brush Tool သုံးပြီး မိမိလိုချင်တဲ့နေရာကို Bursh နဲ့ လုပ်ပြီးပွတ်ပေးလိုက်တာနဲ့တင် အဖြူအမဲထဲကမှ အရောင်နဲ့ထွက်လာပါတယ်၊

{အထက်ပါနည်းအတိုင်း လုပ်လိုက်တဲ့ အခုလိုပုံရလာပါတယ်}

{အထက်ပါနည်းအတိုင်း လုပ်လိုက်တဲ့ အခုလိုပုံရလာပါတယ်}






ဂွတ်ထယ် နောက်ဆို ဓာတ်ပုံတွေကို အဲလိုလုပ်ကြည့်မယ် ကျေးဇူးတင်ပါတယ်ရှင့်း)
'အားလုံးက သိနေပေမဲ့လည်း မသိသေးတဲ့ ပုံကြီးလို တုံးတုံးအအ လူများအတွက် အထူးရည်ရွယ်ပါ၏....'
ဟီးဟီး... စတာပါ... post တောင် တကူးတကတင်ပေးတဲ့အတွက် ကျေဇူးအများကြီးတင်ပါ၏... ;D
အဖြူအမဲ မပီပြင်ဘူးနော်..ဆိုလိုတာက grayscale ဖြစ်နေတယ်လေ..ဟိုတုန်းကကျွန်တော်တို့ မှတ်ပုံတင်က ပတ်စ်ပို့ဆိုရင် အဖြူအမဲ အစစ်ပေါ့ဗျာ...အဲလို အဖြူအမဲမျိုးရအောင် photoshop မှာ ဘယ်လို လုပ်ရတယ်ဆိုတာလေးကို ရှင်းပြပေးပါလား..
ကျွန်တော်က အခုလို grayscale စတိုင်ကို မကြိုက်ဘူးဗျ အဖြူအမဲအစစ်ကိုပဲ ကြိုက်တာပါ..
ကျေးဇူးတင်ပါတယ်..