စည်းတစ်ဖက်ခြားလို့
လက်ပြနှုတ်ဆက်
ကျောခိုင်းခဲ့ရင်တောင်မှ
ဒို့နှစ်ယောက်ရဲ့
ဆုံမှတ်ဟာ
ဟိုအဝေးကို လွှင့်လို့မျှောရင်း......
လက်ပြနှုတ်ဆက်
ကျောခိုင်းခဲ့ရင်တောင်မှ
ဒို့နှစ်ယောက်ရဲ့
ဆုံမှတ်ဟာ
ဟိုအဝေးကို လွှင့်လို့မျှောရင်း......
ဝါကြင်ကြင် ပျားရည်စက်အောက်က ဓါးသွားထက်ကို လျှာနဲ့လျက်တာမှ လျှာပြတ်ဖွယ်ရှိပါအုံးမယ်၊
လူတစ်ယောက်ကို ချစ်မိတာက နှလုံးသားတစ်စုံကို အရင်းပြုထားတော့ ခဲလေသမျှ သဲရေကျအဖြစ်ဟာ မလွယ်လွန်းခဲ့ပါ။
လူတစ်ယောက်ကို အဓိက ပံ့ပိုးနေသော အချစ်နဲ့ဘ၀က တစ်ကယ်တော့ ဟိုးအဝေးက ညောင်အိုပင်လိုပဲ သီးခြားကွဲပြားစေခဲ့တယ်။ သူမရဲ့ဘ၀မှ အလိုအပ်ဆုံးက အချစ်မဟုတ်ပေမဲ့၊ ပေးနိုင်တာက အချစ်ဖြစ်တော့ ဆီနဲ့ရေလို ကွာခြားလွန်းလှတဲ့ ဘ၀မှာ ဒို့နှစ်ယောက်အတွက် ဆုံနိုင်ခွင့်ဆိုတာ ရေအိုင်ထဲက လရိပ်လိုပါ။
ဒို့နှစ်ယောက်အတွက် အမှတ်မထင် ဆုံဆည်းခဲ့တဲ့ ဒီဆုံမှတ်ဟာ အခုတော့ ဒဏ္ဍာရီထဲက ပုံပြင်တွေလို အခေါက်ခေါက်အခါခါ ဖတ်လည်း ဇာတ်လမ်းတွေက သတ်ပုံမှားစေခဲ့တယ်။ ထို့ကြောင့်.....
လူတစ်ယောက်ကို ချစ်မိတာက နှလုံးသားတစ်စုံကို အရင်းပြုထားတော့ ခဲလေသမျှ သဲရေကျအဖြစ်ဟာ မလွယ်လွန်းခဲ့ပါ။ လူတစ်ယောက်ကို အဓိက ပံ့ပိုးနေသော အချစ်နဲ့ဘ၀က တစ်ကယ်တော့ ဟိုးအဝေးက ညောင်အိုပင်လိုပဲ သီးခြားကွဲပြားစေခဲ့တယ်။ သူမရဲ့ဘ၀မှ အလိုအပ်ဆုံးက အချစ်မဟုတ်ပေမဲ့၊ ပေးနိုင်တာက အချစ်ဖြစ်တော့ ဆီနဲ့ရေလို ကွာခြားလွန်းလှတဲ့ ဘ၀မှာ ဒို့နှစ်ယောက်အတွက် ဆုံနိုင်ခွင့်ဆိုတာ ရေအိုင်ထဲက လရိပ်လိုပါ။
ဒို့နှစ်ယောက်အတွက် အမှတ်မထင် ဆုံဆည်းခဲ့တဲ့ ဒီဆုံမှတ်ဟာ အခုတော့ ဒဏ္ဍာရီထဲက ပုံပြင်တွေလို အခေါက်ခေါက်အခါခါ ဖတ်လည်း ဇာတ်လမ်းတွေက သတ်ပုံမှားစေခဲ့တယ်။ ထို့ကြောင့်.....
လမ်းကြုံလို့
ရေ၀င်သောက်ခဲ့ရင်တောင်မှ
ရေအိုးစင်လေးရဲ့
အဖြစ်ကို စာနာ
နားလည်စေချင်
{ကိုဇောင်း}
ရေ၀င်သောက်ခဲ့ရင်တောင်မှ
ရေအိုးစင်လေးရဲ့
အဖြစ်ကို စာနာ
နားလည်စေချင်
{ကိုဇောင်း}
မှတ်ချက်။ ။ ကိုအချစ်မဲ့ဂစ်တာမှ Tag ထားသောကြောင့် {ဆုံမှတ် infinity ….}Tag Post လေးကို ဒီလိုပဲရေးလိုက်ပါ၏ ကိုအချစ်မဲ့ဂစ်တာကြီး နဲ့ ကျနော်နဲ့ အချစ်မဲ့လိုက်ပြီဗျာ၊ ပျော်ရွှင်ပါစေ....




အမယ်လေး ဘလော့ဂါတွေလိုက်လည်နေတာ ပထမဆုံးမန့်ရတာပဲဟေ့ လိုတိုရှင်းတင်ပြသွားတဲ့ ဆုံမှတ်ကတော့ ထိတယ်ဗျို့း)))
ခံစားချက်တွေ သိပ်နက်ရှိုင်းတာပဲနော်၊
သူများတွေများ ရေးပြီးတာ မြန်ပါ့  :(
ပန်းခင်းလည်းဘာရေးရမလဲ စဉ်းစားနေတာ
ဝိုင်းစဉ်းစားပေးမလား :P
ကောင်းတယ် ကောင်းတယ်.. ရေးပေးတာကျေးဇူး သယ်ရင်းရေ..
ရေအိုးစင်လေးကို ဘယ်နှစ်ခေါက်များ ရေ၀င်သောက်သွားကြပြီးပြီတုန်း...
အော် အင်ဖနီတီ ဆိုတာ ဒါမျိုးလား။
ရေ၀င်သောက်မလို့ ပါပဲ။ ရေအိုးစင်ရဲ့ အဖြစ်လေးကို စိတ်မကောင်းလို့  အိမ်ရောက်မှ တ၀ကြီးသောက်ပစ်လိုက်မယ်။ ဟဲဟဲ
အလွမ်း.....အလွမ်း.....အလွမ်း....
ဇာတ်နာလေး..တပုဒ်ပေါ့....ဟုတ်လား..