မူလတန်း ကို မတတ်ခင်မှာ မူကြိုတတ်ကြတာလေးတွေရှိသလိုပါပဲ၊ Blogspot ကို မရောက် တစ်ခါတည်းရောက်လာကြတဲ့လူတွေရှိသလို ဆိုရှယ်နက်ဝေါ့တွေကနေလေ့လာပြီး Blogspot ဘက်ကို ရောက်လာကြတာရှိပါတယ်၊ အဲ့ဒီလို အခြေခံလေးတွေထဲမှာ Blogရေးတဲ့အခြေအခံလေးတွေမှာပေါ့၊ Multiply က အကောင်းဆုံးလို့မြင်ပါတယ်၊ ဘာမှမသိမနားသေးတဲ့ လူတွေအနေနဲ့လည်း၊ အသုံးပြုရလွယ်ကူစေပါတယ်၊ Multiply ရဲ့ Main page မှာဆိုရင် Photo, Blog, Review, Link, Note, Guestbook တွေဟာသူ့အကန့်နဲ့တူထားရှိထားပါတယ်၊ စာမျက်နှာတစ်ခုမှာ အစုံအလင်ဖော်ပြလို့ရပါတယ်၊ ဒါပေမဲ့ Blogspot နဲ့ကွာတာတွေများပါတယ်၊ Blogspot က Java ရနေရင် Multiply က Java မရပါ၊ ပြီးတော့ ဒိုမိန်းချိန်းလို့ မရတာတွေကွာပါတယ်၊ ကောင်းတာတစ်ခုကတော့ ဘာမှမတတ်သေးတဲ့ လူတွေအနေနဲ့သုံးပျော်ပါတယ်၊ CSS, HTML ကုတ်တွေကို စမ်းသပ်လို့ရပါတယ်၊ Multiply ကို အသုံးပြုနေသော မြန်မာတွေအနေနဲ့ မြန်မာမာတီပလိုင်းပြူလုပ်နည်းလည်းရှိပါတယ်၊ http://makingburmarmultiply.multiply.com/

မြန်မာပြည်က Multiply အသုံးပြုသူတွေ အများကြီးရှိနေပါပြီ၊ Web ပေါ်မှာ အခြေခံ Blog ရေးတတ်ချင်ရင်ဖြင့် Multiply မှာ ၀င်ရောက်နိုင်ပါတယ်၊ Blogspot ကို သုံးတတ်လူတွေအနေနဲ့တော့ Multiply ကို ကြိုက်နှစ်သက်ချင်မှ ကြိုက်နှစ်သက်ကြမှာပါ၊ ning.com ကို အသုံးပြုမည့်အစား Multiply ကို အသုံးပြုစေချင်ပါတယ်၊

ပုံများကိုကြည့်လိုလျှင် http://multiplygroups.multiply.com/photos/album/50/50

ကျနော်တို့ Multiply မှာ မြန်မာ တွေသီးသန့်ဖြစ်စေဖို့ http://multiplygroups.multiply.com/ ဆိုပြီး Group ဖွဲ့ထားပါတယ်၊ Group {http://multiplygroups.multiply.com}ဖွဲ့ထားတာ တစ်လလည်းပြည့်ခဲ့တာလည်းဖြစ်၊ Multiply မှာ အသုံးပြုနေတဲ့ သူတွေလည်း အမှတ်တရဖြစ်စေဖို့ 4.10.2009 မှာ တွေ့ဆုံပွဲလုပ်ခဲ့ပါတယ်၊ တတ်ရောက်သူ ၄၀တိတိ ရှိခဲ့ပါတယ်၊ နေရာကတော့ ကန်တော်ကြီးထဲက ပုဂံလုံးကျွန်းထဲက ရေလယ်တံတားပေါ်မှာ ပြုလုပ်ခဲ့ပါတယ်၊


Multiply က ကဗျာ၊ ၀တ္တုတို၊အက်ဆေး၊ ဆောင်းပါးများကို စာအုပ်အဖြစ်ဖန်တီးကာ တွေ့ဆုံပွဲ လာသူများကို အမှတ်တရအဖြစ်စာအုပ်တဲ့အတူ၊ ရင်ထိုး၊ ကီးချိန်း တို့ကို ပေးပါတယ်၊ အမှတ်တရဖြစ်စေဖို့အတွက်ပါ၊ တွေ့ဆုံပွဲမှာ နည်းပညာအကြောင်း၊ ဘာသာရေးအကြောင်း နဲ့ မိဘမဲ့ကလေးများကို ကူညီလှူဒါန်းဖို့ရာ ၀ိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ ဆွေးနွေးကြပါတယ်၊ မိုးဖွဲဖွဲကြနေတဲ့ အချိန်၁၁နာရီကနေစလိုက်တာ ညနေသုံးနာရီမှာ မြန်မာ မာတီပလိုင်း ရပ်ဝန်း ရဲ့ တွေ့ဆုံပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါကြောင်း...
{ကိုဇောင်း}