| ချစ်သောသစ်ပင် လွမ်းရင့်ရင့်နဲ့ မျက်ရည်အမုန်း မခံနိုင်မှန်း သိနေခဲ့သူ မင်းလုပ်ရက်လည်း ကြွေပါစေတော့... | မျှော်လင့်ရက်နဲ့ ဝေးသောနေရာ မင်းထွက်ခွာလည်း တမ်းတလွမ်းရစ် မောင်ကျန်ရစ်မယ် ချစ်သူသိစေ....။ |
နွေနံနက်ခင်းတစ်ခုမှာ ဥသြငှက်တို့ရဲ့ လွမ်းသံသီကြူးကို မျက်နှာမသစ်ခင်ကြားမိလိုက်ချိန်ဝယ်၊ ရင်ထဲမှာ ဟာသသနဲ့ တစ်ယောက်သောသူကို လွမ်းမိလိုက်ပါသည်၊ “သြော်... နွေနံနက်ခင်းရယ် စောစီးစွာ နေရောင်ခြည်က ကျရောက်ပြီး စောစီးစွာ လွမ်းသံကို ကြားလိုက်ရတဲ့အခိုက် ငါ့ရဲ့လွမ်းမှုဝေဒနာကို နိုးစွနေသလိုပါပဲလား....”။
ပန်းကလေးတွေ အမြဲလှပနေပေမဲ့လည်း ရုန်းကန်လှုပ်ရှားခြင်းတွေနဲ့သာ ပြည့်နှက်နေသော ဤလူသားကို ရှောင်ဖယ်အဝေး ပြစ်ခွာသွားလည်း ဗွေမယူရက်ပါလေ၊ ဟိုအရင်အချိန်က ပျော်ရွှင်ခဲ့သော အရာတွေက ကျွနိုပ်အတွက် အမှတ်တရဖြစ်စေခဲ့သည့်အတွက် အချစ်ဦးမဟုတ်သော်လည်း မမေ့ရက်ဘူးလေ....။
တစ်ချိန်က မင်းမေးခဲ့ဖူးမှာပေါ့ “ကိုယ်ချစ်တဲ့ သူဟာ ဘယ်လိုပုံစံမျိုးဖြစ်စေချင်လည်း”တဲ့ ဖြေဖို့မခက်ခဲပါဘူး၊ မိမိက မျှော်မှန်းထားပေမဲ့လည်း ဖြစ်လာအောင်လုပ်ပေမဲ့လည်း ပြောင်းလည်းတတ်သော ကံကြမ္မာကြောင့်၊ ကျွန်ုပ်အတွက် ဆိုရိုးစကားတစ်ခုက “မနက်ဖြန်ဆိုတာမသေချာဘူး” ဆိုတာပါပဲ....၊ မိမိဖြစ်ချင်သလို မဖြစ်တာဟာ ကံကြမ္မာရဲ့ လှည့်ကွက်တစ်ခုပါ....။
အလွမ်းတွေကို နိဂုံးချူပ်ဖို့ တွေဝေခဲ့လေသမျှ မှန်းမျှော်ရပေါင်းလည်းများခဲ့ပါပြီလေ...၊ ဟိုအရင်အချိန်တွေ တမ်းတမက်မောပေမဲ့လည်း၊ စက္ကန့်တိုင်းမှာ အသစ်သစ်တွေ ဖြစ်ပေါ်လာသောကြောင့်၊ စိတ်ကူးကမ္ဘာထဲမှာ မနေခဲ့တာ ကြာခဲ့ပါပြီလေ....၊ နောက်ဆုံး စိတ်ကူးအိမ်မက်တွေကို ဖျက်ဆီးဖောက်ထွက်ရင်း ဟိုးအဝေးမှာ ငြိမ်းချမ်းချင်နေလေရဲ့........။

{ကိုဇောင်း}

ကိုဇောင်းကြီးက လက်စသတ်တော့ ဆွေးနေတာကိုးးးးးးး
မသေချာတဲ့မနက်ဖြန်မှာ သေချာတဲ့ အောင်မြင်ပျော်ရွှင်မှု များစွာ ပိုင်ဆိုင်နိုင်ပါစေနော်။
စကားမစပ် ၁ ရတာပါလားးးးးးး
ဟိုရင်ချိန်တွေ တမ်းတမက်မော ပြန်လိုချင်တယ်ခုလေ.. ဒီကမ္ဘာမြေကို နောက်သို့ လှည့်ခိုင်းပြီး အရာရာအစက ပြန်စလို့ရရင်... အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်.. ...
ဘာရယ်မဟုတ် ဖတ်ပြီး အဲ့သီချင်းဆိုချင်လာတယ်
ပြန်ထွက်သွားဖို့စိုးတယ်ဆိုလည်း တံခါးပြန်ပိတ်ထားလိုက်ပေါ့ အစ်ကိုရာ