ကျွနိုပ်တို့ ကိစ္စများမြှောင် လူတို့ဘောင်တွင် အုပ်ချူပ်သူ၊ ခေါင်းဆောင်၊ အကြီးအကဲ၊ ဟု၍ ထားရှိထားပါသည်၊ ကျေးရွာတစ်ခုတွင် ရွာသူရွာသားများကို အုပ်ချုပ်ဖို့ရာ သင့်တော်မည့်သူအား သူကြီး အဖြစ်ထားပါသည်။ ရက်ကွက် မြို့တွေကိုကို အုပ်ချူပ်ဖို့ရာ သင့်တော်မည့်သူအား ရပ်ကွက်လူကြီး၊ ဥက္ကဌ အဖြစ် ထားကြပါသည်။ ထို့အတူပါပဲ နိုင်ငံတစ်ခုရဲ့ ပြည်နယ်နှင့်တိုင်းများ နှင့်နိုင်ငံများတွင် အုပ်ချုပ်ကြသော ခေါင်းဆောင်များ ကိုယ်စီကိုယ်ငှ ရှိကြပါသည်။

ထို့အတူပါပဲ အင်တာနက်က လူမှုအဖွဲ့အစည်း{Social Network}၊ ဆွေးနွေးမှုဆိုင်ရာ{Forum} အုပ်စု၊အသင်းချုပ်{Group} တွေမှာလည်း အုပ်ချူပ်သူတွေ ခေါင်းဆောင်ဆိုသူအနေနဲ့ အသင်းသားများ{Members} ကို ထိန်းသိမ်းဖို့နှင့် ၀တ်ဆိုက်{WebSite}ကို ထိန်းသိမ်းကွပ်ကဲဖို့ရာ Admin အဖြစ် သင့်တော်မည့်သူအား ရွေးချယ်ထားတတ်ကြပါသည်။ အထိန်းအကွပ်မရှိတဲ့ ကြမ်းဟာ ပရမ်းပတာ ဖြစ်တတ်သလို ခေါင်းဆောင် မရှိသော နေရာဌာနတို့သည်လည်း အောင်မြင်တည်မြဲဖို့ဆိုရာ၌ စိတ်ကူးမျှသာဖြစ်နိုင်ပါသည်။

သို့သော် အထိန်းအကွပ်၊ ခေါင်းဆောင်၊ အုပ်ချူပ်သူတွေ ရှိနေသော်လည်းပဲ မပြီးပါ၊ ခေါင်းဆောင်ကောင်းတို့၏ ရှိအပ်သော အရည်အချင်းများပြည့်ဝမှသာ နေရာဌာန သို့မဟုတ် လူမှုအဖွဲ့အစည်း{Social Network} တွေဟာ တိုးတက်အောင်မြင်တည်မြဲမှုတွေနဲ့ တွေ့ကြုံရမှာမလွဲဧကန်ပါ။

ခေါင်းဆောင်ကောင်းတို့ဟူသည် ကိုယ်ကျိုးအတွက်မကြည့်ရပဲ အများအကျိုးအတွက်ကြည့်ရပါသည်။ လက်အောက်ငယ်သား သို့မဟုတ် အသင်းသားများ{Members} ရဲ့စိတ်ကို ပျော်ရွှင် ကျေနပ်အောင် လည်းထားရှိရပါမည်။ မိမိအတွက်မကြည့်ပဲ မိမိတစ်ကိုယ်တည်း အောင်မြင် ကျော်ကြား လိုစိတ် မရှိပဲ အများအကျိုးအတွက် စစ်မှန်သော စိတ်ဓါတ်ဖြင့် ပေးဆပ်နိုင်ရပါမည်။ ခေါင်းဆောင်ကောင်းတို့၌ အချိန်၊ စေတနာ၊ စွန့်လွတ်အနစ်နာခံလိုစိတ်၊ ပေးဆပ်လိုစိတ်တွေ ရှိရပါမည်။ ထို့သို့ ပေးဆပ်စွန့်လွတ်နိုင်ပါက သင့်အနေနဲ့ ကျိုးစားစရာမလိုပဲ အောင်မြင်မှုနှင့် လူအများသဘောကျမှုကို ရရှိလာပါလိမ့်မည်။ နောင်တစ်ချိန် သင်ဘယ်ဘက်သို့ပြောင်းပြောင်း၊ ဘယ်သို့ရောက်ရောက် သင့်နားမှာ ရှိနေကြမည်မှာ မလွဲပါ၊ စွန့်လွတ်အနစ်နာခံလိုစိတ်နှင့် အများအကျိုးအတွက် အများပျော်ရွှင်မှုအတွက် ပြုလုပ်ပေးနိုင်သော ခေါင်းဆောင်ကောင်းသည် အမှန်တစ်ကယ်ပင် ရှားပါးနေပါသည်။ ထို့အတွက်ကြောင့် သင့်အနေနဲ့ အုပ်စု၊ အသင်းအဖွဲ့၊ ဂိုဏ်းဂဏ များတွင် ခေါင်းဆောင် လုပ်လိုပါက ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့က အလွန်အရေးပါပါသည်။ အောင်မြင်ကျော်ကြားမှုကို မမက်မောပါနဲ့ ခေါင်းဆောင်ကောင်းသာဖြစ်ပါစေ၊ ထို့အခါ သင့်အတွက် အောင်မြင်ကျော်ကြားမှုတို့သည် မခေါ်လည်းပဲ ရောက်၍လာတတ်ပါသည်။

စစ်မှန်သော
ကိုယ်ကျိုးစွန့်အနစ်နာခံစိတ်ရှိသောအခါ
သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့
သေချာပါ၏
{ကိုဇောင်း}