တန်ဖိုး

အရာဝတ္တူတွေမှာ တန်ဖိုးဆိုတာ ပိုင်းဖြတ်လို့ မရသောအရာဖြစ်ပါသည်။ တန်ဖိုးဆိုသော စကားလုံးနှင့် ပတ်သက်၍ မှတ်သားစရာ တစ်ခုရှိပါသည်။ “တောတွင်းထဲက လူရိုင်းတစ်စုကို စိန်တုံးပေးလိုက်လို့ ထိုသူတွေမှာ စိန်တုံးကို ဂေါ်လီရိုက်ပစ်မှာ မလွဲပါ”၊ တန်ဖိုးသိသူတွေကတော့ တန်ဖိုး သိသလောက် အသုံးချသွားမှာဖြစ်ပြီး တန်ဖိုးနားမလည်သူတွေကတော့ လူရိုင်းတွေလို အသုံးချသွား ကြမှာ အလွဲပါ၊ ထိုအဓိပ္ပါယ်ကတော့ တန်ဖိုးကို နားမလည်ခြင်း နှင့် နားလည်ခြင်း ဟု အနက်အဓိပ္ပါယ် ဖွင့်ပါသည်။




ဒဿန


အမှန်တရားကို အတွေးစာစုက ပေါက်ဖွားမွေးမြူလာပါသည်၊ ထိုသို့ ပေါက်ဖွား မွေးမြူလာနိုင်အောင် အတွေးအကြုံက သွန်သင် လမ်းညွန်သွားပါသည်။ အတွေ့ အကြုံဆိုရာ၌ မိမိရဲ့ ခံစားမှုနှင့် ဆုံးရှုံးခြင်းနဲ့ အောင်မြင်ခြင်းများက နေပြီး ဒဿန အတွေးစုတွေကို ဖြန့်ကျက်ထားသည်ဟုကျွန်ုပ်မြင်ပါသည်၊ မည်သို့ဆိုစေ အတွေးစာစုနှင့် ဒဿန တို့ဟုသည် အတွေ့အကြုံမရှိက ပွင့်အန်ထုတ်လို့မရသော အရာဖြစ်ပါသည်၊ တခြားသူတစ်ဦးနားမှ ကိုးကားစေကာမှု မိမိရဲ့ ကိုယ်ပိုင်အတွေး မဟုတ်သည့်အတွက် အတွေးစာစု၏ အရသာမှ ချိုမိန်ဖွယ် မကောင်းဟူ ကျွနိုပ်မြင်ပါသည်။

{ကိုဇောင်း}