မတ်လောက်စရာ...ကမ္ဘာလောကကြီးမှာ ကြောက်စရာအကောင်း ဆုံးနှင့် ချစ်စရာအကောင်းဆုံး သတ္တ၀ါကို ပြပါဆိုရင်ဖြစ် ကျွနိုပ်တို့ မနုဿ ကိုသာ ပြဖို့ပဲ ရှိပါသည်၊ အရာရာကို ဖန်တီးနိုင်စွမ်း ဟာလည်း မနုဿတွေပဲ တတ်နိုင်ကြပါသည်။ “ ပစ္စည်းတစ်ခုကို ထိုက်တဲ့လူရမယ်” လို့ မနုဿ တစ်ယောက် ပြောဆိုတာကို အရိပ်အယောင်ဖြစ်မြင်မိကြားမိခဲ့သည့်နောက် ကျွနိုပ် ပြန်လည် သုံးသပ်မိသည်မှာ မနုဿတွေ ဖန်တီးပြောင်း လဲနိုင်စွမ်းရှိသော လောကကြီး၌ မတ်လောက်စရာ တစ်ခုမှမရှိပါ၊ ကျွနိုပ်၏ အမြင်ကို ဆိုလိုခြင်းဖြစ်ပါသည်။ | ပေးလိုက်တိုင်းပြန်မရသောအရာ... မနုဿ ဟု အဓိပ္ပါယ်သက်ရာက်စေသော လူသားတို့၌ တန်ဖိုးအရှိဆုံးနှင့် ရသင့်ရထိုက် သော အရာမှာ အချိန်တာဖြစ်ပေသည်။ မည်သူတို့ ဆိုစေ အချိန်သည် လူကိုဝါးမျို နေသည်မဟုတ်ပါ၊ လူကသာ အချိန်ကို အဓိပ္ပါယ်မဲ့စွာ ဖြုန်းသီးလိုက်ခြင်းဖြစ်ပါသည်။ အချိန်ကို မိမိအတွက်မဟုတ်ပဲ အများသူငါ အတွက် သုံးလိုက်သည် ဆိုပေမဲ့လည်း နောင်တစ်ချိန်မှာ မိမိက အများသူငါ အတွက် သုံးလိုက်သောအချိန်သည် အကောင်းဟု အသတ်မှတ်ခံရနိုင်သလို၊ အဆိုးဟုသော ဝေဒနာများဖြစ် လည်း လွှမ်းမိုးခံရနိုင်ပါသည်၊ လောကမှ မိမိပေးလိုက်တိုင်း ပြန်မရသော အရာကို ပြပါဆိုလျှင်ဖြစ် စေတနာကို သာ ပြရပါလိမ့်မည် |
အမှန်တရားကို မျက်နှာလွဲခဲပစ်ကြသူများ
“ထွက်ပြေးတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့ မှ မအောင်မြင်သလို အောင်မြင်တဲ့ ပုဂ္ဂိုလ် ဟာလည်း ဘယ်တော့ မှထွက်မပြေးဘူး”ဒါကတော့ မနုဿ တွေ ဆိုလိုသတ်မှတ်ထားကြတာလေးတစ်ခုပါ အဲ့ဒီအနက်အဓိပ္ပါယ် ဟာ မိမိ လိုသလို တွေးလို့ရနိုင်တဲ့ နက်နဲ ပုစ္ဆာတစ်ပုဒ်လိုပါ၊ မိမိ လိုအပ်ရင် အကောင်းဘက် တွေးနိုင်သလို မလိုအပ်တဲ့အခါ အဆိုးဘက်က တွေးနိုင်ပါတယ်၊ အဲ့ဒီ စကားစုကို ကျွန်ုပ်ကြိုက်နှစ်သက်မိပါတယ်၊ ထွက်ပြေးတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ မအောင်မြင်သလိုအောင်မြင်တဲ့ ပုဂ္ဂိုလ်ဟာလည်း ဘယ်တော့မှ ထွက်မပြေးဘူးမှန်တဲ့လူဟာ ရွာပြင်ထုတ်ခံရတတ်တယ် လို့ မြန်မာစကားပုံရှိပါတယ်၊ သေချာပြန်လည်စဉ်းစားကြည့်ရင်ဖြစ် မူမမှန်သူတွေသာ ဒေါင်းယောင်ဆောင်သောကျီး လို ဟန်မပျက်အောင် နေရာမကြွ ပဲ ရှိနေခြင်းက သိသာဆုံးဖြစ်မယ်ထင်ပါ၏။ တစ်ချို့လူများက ပြောတတ်ကြပါသည် အမှန်တရားဆိုတာ မပပျောက်သွားဘူးတဲ့၊ ပေါ်လာမှာပဲတဲ့၊ ကျွန်ုပ်တစ်ခုမေးချင်ပါသည်၊ အမှန်တရားဆိုတာ တစ်ကယ်ပဲ ရှိသလား၊ အမှန်တရားသာ တစ်ကယ်ရှိမယ် ဆိုရင် ကျွနိုပ်ကိုးကွယ်ချင်ပါသည်၊ အမှန်တရား ဆိုတာ ဘယ်လိုမျိုးနဲ့ တိုင်းတာဖော်ထုတ်ပါသလဲ၊ ယခုလို ခေတ်ကြီးထဲမှာ လူတွေဟာ အမှန်တရားကို တစ်ကယ်ပဲ မြတ်နိုးကြတာလား၊ ဟန်ဆောင်မြတ်နိုးကြသလားဆိုတာကိုတော့ မိမိကိုယ်သာ မိမိ သိနိုင်ပါ၏၊ အမှန်တရားသာ တစ်ကယ်ရှိခဲ့မယ်ဆိုရင်ဖြစ် မမှားတဲ့လူတွေရဲ့ စတေးမှု့တွေလည်း တွေ့မြင်ရမည်မဟုတ်ပေ။ ဆိုသော စကားစုသည်လည်း ထိုနည်း၎င်းပါပဲ၊ အားလုံးလည်းကြားဖူးကြမှာပါ၊ ဆိုသော အဓိပ္ပါယ်ကို သင့်အနေနဲ့ လိုသလို ဆွဲယူနိုင်သော စကားစုပါ၊
မျှတစိတ်ထား ထားတတ်စေ
တစ်ခါတုန်းက ရွာတစ်ရွာမှာ ဓါးပြတိုက်၊ ခိုးဆိုးလုဝှက်တဲ့ လူတစ်ယောက်ရှိတယ်၊ ထိုသူဟာ တစ်ချိန်က လူမိုက် လူရမ်းကား တစ်ယောက်ဖြစ်ခဲ့ပါသည်၊ သို့ပေမဲ့ ထိုသူဟာ ယခုအချိန်မှာ ကောင်းမွန်သောအလုပ်များကို လုပ်၍ ကောင်းသောအကျင့်နဲ့ နေထိုင်နေခိုက်မှာ၊ ထိုသူ၏ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းများက လူများသည်၊ ထိုသူ၏ တစ်ချိန်က ဆိုးမိုက်ခဲ့သော အရာများကို ရွံ့ခြောက်ရေနုး လုပ်ကာ အကောင်းဘက်သို့ ရောက်နေသော ထိုလူကို အမှောင်ထဲသို့ ညင်သာစွာသော်လည်းကောင်း၊ ကြမ်းတမ်းစွာသော်လည်းကောင်း ပို့နေပါသည်၊
ထိုသို့ဆိုရလျှင်ဖြစ် လူမှန်ပါက အပြစ်ကင်းသည် ဟု ရှိနိုင်ပါ၏လော... သင်ရော တစ်ချိန်က သို့မဟုတ် ယခုအချိန်တွင် အပြစ်ကင်းသော လူတစ်ယောက်ဟုတ်ပါ၏လော၊ မည်သို့ဆိုစေ၊ လူတစ်ယောက်၏ အားနည်းချက် သို့မဟုတ် ပျော့ကွက်ကို ရှာ၍ ထိုးနှက်တိုက်မည်ဆိုပါက သင်သည် ထိုသူပေါ် မျှတသော စိတ်ထားရှိပါ၏လော..၊ မည်သို့ဆိုစေ သင်သည် ကိုယ်ချင်းစာစိတ်၊ လူတစ်ယောက်အပေါ် စာနာတတ်စေ အမှန်တစ်ကယ်ရှိပါ၏လောဟု သင့်ကိုယ်သင် စမ်းစစ်စေလိုပါသည်၊ လူတစ်ယောက်ကို အပြစ်တင်ရာ၌ မိမိရော အပြစ်နှင့်ကင်းပါရဲ့လားဆိုတာ၊ သင့်ရဲ့ လူတစ်ယောက်ပေါ် အမြင်သည် အရိုးသားဆုံးဖြစ်ပါစေ၊
မနာလိုအမုန်းထား ကင်းစေကြောင်း
ကျွနိုပ်တို့ သင်တို့ဟာ ပခုံးနှစ်လုံးကြားက ခေါင်းတစ်လုံးနဲ့ အသက်ရှင်နေကြသူခြင်းဖြစ်ပါသည်၊ မည်သူကမျှ ရွှေစားပြီးကြီးမလာ၊ နည်းပညာတွေစားပြီး ကြီးမလာပါ ထမင်းစားပြီး ကြီးလာကြသူအချင်းချင်း ဖြစ်ပါသည်။
မည်သို့ဆိုစေ လူမှန်ပါက မနာလို ၀န်တိုမှုကင်းသည် ဆိုသော လူသားကို လောကကြည့်၌ ရှာကြည့်ပါပရိနိဗ္ဗာန်စံတော်မှုပြီဖြစ်သော ဘုရားရှင်နှင့် ရဟန္တာမြတ်တွေသာ မနာလိုဝန်တိုမှု ကင်းကြပါသည်၊ ထိုမြင့်မြတ်သော ပုဂ္ဂိုလ်များမှ အပ ဒိဌိမပြုတ်သေးသော လူတိုင်း၌ မနာလိုဝန်တိုခြင်းသည် အနည်းနဲ့ အများရှိတတ်ကြပါသည်၊
မည်သို့ဆိုစေ လူမှန်ပါက မနာလို ၀န်တိုမှုကင်းသည် ဆိုသော လူသားကို လောကကြည့်၌ ရှာကြည့်ပါပရိနိဗ္ဗာန်စံတော်မှုပြီဖြစ်သော ဘုရားရှင်နှင့် ရဟန္တာမြတ်တွေသာ မနာလိုဝန်တိုမှု ကင်းကြပါသည်၊ ထိုမြင့်မြတ်သော ပုဂ္ဂိုလ်များမှ အပ ဒိဌိမပြုတ်သေးသော လူတိုင်း၌ မနာလိုဝန်တိုခြင်းသည် အနည်းနဲ့ အများရှိတတ်ကြပါသည်၊
ပွင့်လင်းစွာ ၀န်ခံရရင်ဖြစ် ကျွနိုပ်မှာလည်း အနည်းနဲ့အများရှိပါသည်၊ မိမိကိုယ်ကိုယ် မနာလိုစိတ်မရှိဘူးဟူ ပြောသောလူမှ အတ္တများစွာ မွမ်းမံထားတတ်ပါသည်။ ထိုအတူပါပဲ လူတိုင်း၌ လည်းရှိကြပါသည်၊ လူတို့သည် အကောင်းကိုသာ ထုတ်ဖော်ကြွားဝါတတ်ပြီး မကောင်း မရှိဘူးဆိုသော လူကို ခေါ်လာပြပါ၊ ထိုသူ၏ ဘ၀တစ်လျှောက်လုံး အမှန်တစ်ကယ်ပဲ မနာလိုဝန်တိုမှုကင်းပါရဲ့လားလို့ မေးမြန်ပါရစေ၊ မနာလိုဝန်တိုခြင်းနဲ့ ပတ်သက်သော မြန်မာ စကားပုံတွေရှိပါသည်၊ ဖားတုလို့ခရုခုန် အိုင်ပျက်ရုံသာရှိပါသည်၊ ဟု မြန်မာစကားပုံ အများကြီးရှိပါသည်၊ မနာလိုဝန်တို မှုနဲ့ပတ်သက်၍ သင့်အားတိုက်ခိုက်လာသည် ရှိသော် သင့်အနေနဲ့ ပြန်လည် တိုက်ခိုက်ဖို့ မလုပ်ပါနဲ့၊ အေးဆေးစွာနဲ့ ဘေးထွက်နေလိုက်ပါ၊ သူတို့တွေ ရဲ့ လုပ်ရပ်ဟာ ဘေးကကြည့်နေသော လူတစ်ယောက်အနေနဲ့ရယ်စရာဟာသ တစ်ခုဖြစ်နေမယ်ဆိုတာဘေးလူအနေနဲ့ သာ မြင်နိုင်မှာဖြစ်ပါသည်။ မည်သို့ဆိုစေ လူမှန်ရင် မနာလိုဝန်တို မှု မကင်းနိုင်ပေမဲ့လည်း မလိုစိတ်ထားလေးတွေတော့ လျော့စေချင်ပါသည်။
မှတ်ချက်။ ။ မည်သည့် စာအုပ်ထဲကမှ ကူးချထားခြင်းမရှိပါ၊ ကျွနိုပ်၏ စိတ်တွင်းက ထွက်ပေါ်လာသောစာများဖြစ်ပါ၏၊ မည်သူ့ကိုမှ မရည်ရွယ်ကြောင်းပြောလိုပါသည်၊ အစဉ်ပြောင်းလည်း မတူညီကြသော သဘောထားများကို လူအများအကြောင်းထဲမှာ ဖြစ်တတ်သော တစ်စိတ်တစ်ဒေသကို ရေးသားထားချင်းဖြစ်ပါသည်။
မျှတစိတ်ကလေးထားတတ်ကြစေ
လွန်တာရှိဝန္ဒာမိ
{ကိုဇောင်း}
လွန်တာရှိဝန္ဒာမိ
{ကိုဇောင်း}



လူတစ်ယောက်ရဲ့ အားနည်းချက်ကို ချိုးနိမ်ဆက်ဆံတတ်တဲ့ လူတွေ အမှန်တရားကို မသိမနားလည်တဲ့ လူတွေနဲ့ ဘယ်တော့ အခါမှ မတွေ့ကြုံ မဆုံဆည်းရပါစေနဲ့
{ကိုရီး}
ဖြစ်ခဲ့သမျှတွေကို မေ့ပစ်လိုက်ပြီး သာယာလှပသော နေ့ရက်များမှာ ကောင်းမွန်စွာ နေထိုင်နိုင်ပါစေ...။
ကိုယ့်လိပ်ပြာကိုယ် မသန့်စင်သူတွေ မိုးပြိုမှာကို တွေးကြောက်နေသူတွေ ရတာမလို လိုတာမရလို့ ကိုယ့်သဘောကိုယ်ဆောင်နေသူတွေ ကိုယ့်သံယကြောင့် ကိုယ့်ကိုယ်ကို ပြန်ပြီးအနှိပ်စက် မခံကြရပါစေနဲ့။
"မိမိကိုယ်တိုင် ခံစားဖူးမှ သူတစ်ပါး၏ ရှိုက်သံကို နားလည်လိမ့်မည်"
{ကိုရီး}
ကိုဇောင်းကြီးရေ....
အကို့ထွက်ပေါက် စာစုလေးအတွက်ကျေးဇူးပါ။
တန်ဖိုးရှိတဲ့ အသိပေး ပိုစ့်လေးပါ။
မျှတတဲ့ စိတ်လေးထားတတ်ဖို့ကြိုးစားရဦးမယ်။
ကောင်းလိုက်တဲ့ အယူအဆနဲ့ ခံယူချက်တွေဗျာ..။ ဘာပြောရမှန်း မသိအောင်ကို ကောင်းတာပါ။