လေဟုန်မှာ ဝေ့၀ဲနေအလား သစ်ရွက်ခြောက်ရဲ့ ဈာပနအခမ်းအနားမှာ ငိုသူမရှိ မျက်ရည်ကျမည့်သူမရှိ ပဲ ရယ်သံတွေက တေးသွားတွေအလား သီဆိုနေကြအခိုက်မှာ ၀မ်းနည်းစရာကောင်းတဲ့ သစ်ရွက်ခြောက်ရဲ့ ဈာပနအခမ်းအနားဟာ တစ်ခဏအတွင်းမှာ အသွင်ပြောင်းသွားခဲ့တယ်၊
ကြွေသူက ကြွေသွားခဲ့ပေမဲ့ စွန့်ပစ်သူက စွန့်ပစ်သွားခဲ့တယ်၊ ထိုစဉ်အခိုက်လေးမှာ တန်ဖိုးကို ထားတတ်သူတစ်ယောက်အတွက်တော့ ထိုဈာပန အခမ်းအနားဟာ အထီးကျန်မဲ့စွာ သူမတစ်ယောက်တည်း ငိုကြွေးနေခဲ့တယ်၊
ပင်ယံထက်မှာ ရှိနေချိန်တော့ သစ်ပင်တစ်ပင်ဟာ သစ်ရွက်စိမ်းလေးတွေနဲ့ လှပနေပေမဲ့လည်း ကြွေကာကျသွားချိန်တော့ သဘာဝရဲ့အလှတရားဟာ ပျိုပျက်လို့ယိမ်းယိုင်ခဲ့လေတယ်.....။

ကြွေပါစေလေ
လေရူးသုန်သုန်
လွှင့်မျှောကမ္ဘာခြား
အထီးကျန်စွာနဲ့
ကမ္ဘာခြားခဲ့တာ
ဘ၀နှစ်ခုကြား..
{ကိုဇောင်း}
လေရူးသုန်သုန်
လွှင့်မျှောကမ္ဘာခြား
အထီးကျန်စွာနဲ့
ကမ္ဘာခြားခဲ့တာ
ဘ၀နှစ်ခုကြား..
{ကိုဇောင်း}

ထိုစဉ်အခိုက်လေးမှာ တန်ဖိုးကို ထားတတ်သူတစ်ယောက်အတွက်တော့ ထိုဈာပန အခမ်းအနားဟာ အထီးကျန်မဲ့စွာ သူမတစ်ယောက်တည်း ငိုကြွေးနေခဲ့တယ်၊သူမကတော့ သစ်ရွတ်ခြောက်လေးကို ကျင်နာယုယစွာ သိမ်းဆည်းခဲ့လေသတဲ့။သူမတွက် နောက်ဆုံးလက်ဆောင်တစ်ခု ဖြစ်လို့ နေလေရဲ့..။
ထိုနောက် သူမလဲ သစ်ရွက်လေးနဲ့တူ သစ်ပင်ခြေရင်းမှာပဲ ထာဝရ မှေးစက်လို့နေလေတော့သတည်း။
ရှေ့က ပိုစ့်လေးနဲ့ နောက်က ကွန့်မန်းလေးနဲ့ လိုက်ဖက်လိုက်တာ တော်တော်ချစ်ကြပုံပါပဲ