နေ၀င်ချိန် မှောင်စပျိုးတဲ့အခါ နွားရိုင်းသွင်းချိန်လို့ ခေါ်ဝေါ်သမုတ်ကြသော အချိန်၌ ကာရံချိုချို တေးကိုဆိုကာ အိမ်အပြန်ခြေလှမ်းတွေဟာ လှပနေကြပါသည်။ ဆေးချယ်ထားသော ပန်းချီကားတစ်ချပ်အလား တောဓလေ့ တောစရိုက်ဟာ လွမ်းမောဖွယ်ရာအသွင်ကို ဆောင်ထားပေသည့်အတိုင်း ပလွေသံလေးတွေနဲ့ ရောနှောကာ ဆေးချယ်ထားကြပြန်သည်။
အပြစ်မမြင်သူ
လုံမေချောရယ်နဲ့
ရွာပြင်က
ထန်တောလေးရယ်
တမ်းတကာမိပြန်
မြို့စရိုက် မြို့ဓလေ့
မောင်ကြီးမကြိုက်သည်မို့
လွမ်းဆွတ်ကာ
တမ်းတမိတယ်
တောဓလေ့ကိုလေး.....
အပြစ်မမြင်သူလုံမေချောရယ်နဲ့
ရွာပြင်က
ထန်တောလေးရယ်
တမ်းတကာမိပြန်
မြို့စရိုက် မြို့ဓလေ့
မောင်ကြီးမကြိုက်သည်မို့
လွမ်းဆွတ်ကာ
တမ်းတမိတယ်
တောဓလေ့ကိုလေး.....

ရွာသားက ရွာမှာမနေ မြို့မှာနေလို့ ကြီးကျယ်တယ် အပြောလည်းမစောနဲ့ မြို့ပေါ်မှာနေပေသော်လည်း လွမ်းဆွတ်ကာ မှန်းမျှော်စိတ်က ပိုလို့နေ၏.....
{ကိုဇောင်း}



မြို့ကြီး ပြကြီးရောက် တောသားလေးရဲ့ ရွာလွမ်း တမ်းချင်းက လှပ ပါပေတယ်။
ခင်မင်လေးစားစွာဖြင့်
ပန်ချီကားတစ်ချပ် ကိုကြည့်ရသလိုပါပဲ..။