ခရီးတစ်ထောက်
ညောင်ညိုရိပ်အောက်
မောပမ်းဖြေရာ
ရေအိုးစင်နား
လမ်းကြုံလို့
ရေ၀င်သောက်အလား
ဘ၀ခရီးသည်ခမျာ
တစ်ခဏသာတော့
ရေအိုးစင်ကို
သံယောဇဉ်သွယ်ခဲ့၏

အချိန်တန်လာ
ခွဲရဓမ္မတာ
တွေ့ဆုံကြုံခွဲ
သဘာဝပဲမို့
နှုတ်ဆက်လိုက်သည်
{ကိုဇောင်း}