ငယ်စဉ်အရွယ်
လမ်းလျှောက်တတ်ဖို့
အားလုံး ထူကာ
ဖေးမကြတယ်
ငါ့ရဲ့သားလေး
ရပ်နိုင်ပေ ရပ်နိုင်ပေတဲ့..

အရွယ်ရောက်လာ
စာတွေတတ်ဖို့
ကျောင်းသို့ပို့ကာ
စေလွတ်ခဲ့တယ်

က၊ ခ၊ ဘယ်လိုရေးလဲ
မိဘများက ပြန်မေးတယ်
ရေးပြလိုက်တယ်
ဝလုံး ဘဲဥ
ပြုံးပျော်ကာဖြင့်
အားပေးတယ်

မပီကလာ
ပီကလာ
စကားသံများ
တီတီတာနဲ့
ချစ်စရာ့အရွယ်
ကလေးငယ်ငယ်
{ကိုဇောင်း}