နေနဲ့ည နေ့နဲ့လ
ကောင်းကင် နဲ့ မြေကြီး
လေထု နဲ့ ပင်လယ်
အကွက်ကျကျ
စီမံလို့ထားတဲ့ ရွာလေးထဲ
ပန်းသီးတစ်လုံးကို
တစ်ယောက်တည်း စားရမှာပျင်းလို့
မင်းဝင်လာဖို့ ငါ့ရဲ့
နံရိုးတစ်ချောင်းကို ချိုးဖဲ့အပြီး
ငါ့ရဲ့ ရင်ထဲသို့ မင်းဝင်ရောက်လို့လာ
ညင်သာစွာပါပဲ ငါ့ရဲ့ နှလုံးသားကို
ပုတ်ခတ်လို့ ဆော့ကစားခဲ့တယ်

အတွေးတွေနဲ့တာ
ပျော်ရွှင်ခဲ့တယ်
သူမအပြုံးကို
စိတ်ကူးရင်းသာ
{ကိုဇောင်း}