တစ်နေ၀င်လို့ တစ်နေထွက်ခဲ့ပြီ
တောင်စွယ်နေကွယ်ချိန်မှာ
ရွှေဓါးတစ်လက် နဲ့ ပါကွက်သား
ဇဝေဇ၀ါနဲ့ အယောင်ယောင်မှား

စက္ကန့်တိုင်းမှာ ပြောင်းလဲတတ်တဲ့
နိယာမကြောင့် မနက်ဖြန်ဆိုတာ မသေချာခြင်းလား

ကွမ်းတစ်ရာ ရေတစ်မှုတ်တော့ မဟုတ်
ကဗျာတစ်ပုဒ်နဲ့ အလင်္ကာတစ်ချို့

နှစ်သိမ့်စေရာ မျက်ရည်ခံထိုးလို့
မနက်ဖြန်အတွက် အသက်ရှုဖို့ရာ
ကဗျာကိုရေးလို့ တေးကိုဆိုရင်း.....

{ကိုဇောင်း}