ဟိုယခင် ခေတ်များ၏ ကမ္ဘာဦးအစက ကျောက်ခေတ်လူသားတွေ မီးကိုစတင်တွေ့ရှိပုံလေးကို စာအုပ်တွေ ဗီဒီယို ဇာတ်လမ်းတွေမှာ တွေ့မြင်ဖူးပါ၏။ ကျောက်ခေတ်လူသားတွေမှာ မီးကို မတွေ့ရှိစဉ်တုန်းက အသားကို အစိမ်းစားကြပါသည်။ မီးကိုတွေ့ရှိပြီးနောက်ပိုင်း အသားကို မီးနဲ့ကင်လို့ စားကြ၏။ အဲ့ဒီနောက်ပိုင်း သူတို့တွေဟာ မီးကို အသုံးဝင်မှန်းသိလာကြ၏။
ကျောက်ခေတ်လူသားများသည် အချင်းချင်း ရန်လိုတိုက်ခိုက်ကြသည့်အခါ လက်နက်များအဖြစ်။ ကျောက်တုံးများ ကို ပါးလွာအောင် တိုက်၍ တုတ်{ဒုတ်}တွင် ချည်နှောင်၍ သော်လည်းကောင်း၊ ကျောက်တုံးကို သီးခြားသုံး၍ သော်လည်းကောင်း၊ တုတ်{ဒုတ်} များကို ချွန်နေအောင်လုပ်၍သော်လည်းကောင်း လက်နက်အဖြစ် အသုံးပြု၍ အချင်းချင်း တိုက်ခိုက်ကြပါသည်။
မီးကိုစတင်တွေ့ရှိပြီးနောက်ပိုင်း မီးကို အသားကင်လို့ရမှန်းသိပြီး၊ မီးကိုလည်း သူတို့က ကိုင်တွယ် စမ်းသပ်ကြည့်ကြပါသည်။ မီးကို လက်ဖြင့်ထိကြည့်သောအခါ မီး၏ပူလောင်ကို သူတို့တွေ သိရှိသွားကြသည်။ အဲ့ဒီမှာ တစ်ယောက်နဲ့တစ်ယောက် မီးကို တို့လား ထိလား အနေဖြင့် စကြနောက်ကြပြီး ည မီးပုံပွဲတောင်လုပ်လိုက်ကြသေး၏။
နောက်များမကြာမီတွင် ထိုကျောက်ခေတ်လူသားထဲမှ တစ်ယောက်သောသူသည် မီးကို လက်နက်အဖြစ် အသုံးပြုလိုက်သည်။ အသုံးပြုသည်မှာ မိမိမကျေနပ်သော သူတစ်ဦး၏ အိမ်ခေါင်းမိုးအား မီးတုတ်ဖြင့် လှမ်းပစ်၍ မီးရှို့လိုက်ခြင်းဖြစ်သည်။ ထို့သို့ ပြုလိုက်သဖြင့် တစ်ဦးတစ်ယောက်မကပဲ တစ်ရွာလုံး မီးတစ်စတစ်စစီပွားကုန်ကာ တစ်ရွာလုံးကို မီးက ၀ါးမျိုသွားခဲ့၏။
အထက်ပါ ဥပမာ များကို ပြောရရင်တော့ မီးဟာ အင်တာနက် နှင့် တူပါသည်။
လိုရင်းဆိုရသော်.. အင်တာနက် ဆိုသည်မှာ ဟိုယခင်က နာမည်ကြီးခဲ့သော ဣစ္ဆာသယ လွယ်အိတ်ကြီးလို လိုချင်တာ သိချင်တာဟုသမျှကို ရှာဖွေနိုင်ပြီး၊ နည်းပညာ၊ အတတ်ပညာ၊ ရသ၊ ကျန်းမာရေး၊ အနုပညာ စသည်များကို အခမဲ့ရှာဖွေနိုင်သော အရာဖြစ်ပါသည်။
အင်တာနက်သည် လူတစ်ဖက်သားကို တိုက်ခိုက်ရာတွင် လွယ်ကူပါသည်။ ထို့သို့တိုက်ခိုက်ရခြင်းဖြင့် တိုက်ခိုက်သူမှာ မည်သည့်အရာမှ မရရှိသွားပါ{အချိန်သာကုန်သည်}။ တစ်ဖက်က တိုက်ခိုက်မှုကို ခံရသည်မှာ အသက်ကို ထိခိုက်သွားနိုင်ပါသည်။ ဥပမာ ပြောရသော် အင်တာနက်တွင် တိုက်ခိုက်ခြိမ်းခြောက်ခြင်းအတွက် ကိုရီးယားမှ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် များ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြသည်။ ထို့အတူ မည်သူမှ မသိမရှိလိုက်ပဲ အင်တာနက်တွင် တိုက်ခိုက်ခြိမ်းခြောက်ခံရ၍ အသက်စွန့်သွားကြသူများမှာ ဒူးနဲ့ဒေး မရေတွက်နိုင်အောင် ရှိနေကြပါသည်။ တိုက်ခိုက်သူတွေမှာ တစ်ဖက်သား မျက်ရည်ကြီးငယ် ကျသည်ကိုသော်လည်းကောင်း၊ မိသားစုနဲ့ဝေးကွာရသည်ကို သော်လည်းကောင်း၊ ဆင်းရဲဒုက္ခရောက်ကြရသည်ကို ကြည့်နေနိုင်သည်လော....။
ထိုအပြင် အင်တာနက်ကို စီးပွားအရေအရ၊ လူမှုရေးအရ မကျေနပ်၍ လူတစ်ဖက်သားအား တိုက်ခိုက်နေကြသည်မှာ မြန်မာပြည်တွင် အမြောက်အမြားရှိနေကြဆဲဖြစ်ပါသည်။ အနောက်နိုင်ငံများတွင် တစ်ဦး၏အောင်မြင်မှုကို တစ်ဦးက အားပေး၏ ချီးမြှောင့်၏။ ထို့ပြင် ထိုသူအောင်မြင်သလို ၎င်းလည်းအောင်မြင်အောင် လိုက်၍ ကြိုးစားကြသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အင်တာနက်သည် ခေတ်စားလာသည်မှာ မကြာသေးပါ၊ ကျွန်တော်တို့ မြန်မာတွေမှာ ဥာဏ်ကောင်းကြပါသည်။ တော်ကြ တတ်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့တွေ ကောင်းသောဘက်မှာ ကြိုးစားကြမည်ဆိုရင် အင်မတန်မှ ကောင်းမွန်လှပါသည်။ အထက်ပါအတိုင်း ကျွန်တော်တို့တွေဟာ အသိဥာဏ်ရှိသော လူတွေဖြစ်တာကြောင့် ကျောက်ခေတ်လူသားတွေလို မီးကိုလက်နက်အဖြစ်တိုက်ခတ်ကြသလိုမျိုးမလုပ်ပဲ ကျွန်တော်တို့တွေ အင်တာနက်ကို လက်နက်အဖြစ် အသုံးမပြုပဲ အကောင်းဘက်က အသုံးပြုမည်ဆိုပါက အနောက်နိုင်ငံတွေလို အင်တာနက်ဆိုတာကို ရွာအဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပါသည်။

- မီးကို အကျိုးရှိစွာ အသုံးပြုက အသုံးဝင်ပါသည်။
- မီးကို ရန်သူလို အသုံးပြုက ရန်သူအားပေးဖြစ်ပါသည်။
- မီးသည် အသုံးတည့်သူအတွက် အသုံးဝင်ပါသည်။
- မီးကို လက်နက်အဖြစ်အသုံးပါကလည်း လက်နက်တစ်ဖွယ်ဖြစ်ပါသည်။
လိုရင်းဆိုရသော်.. အင်တာနက် ဆိုသည်မှာ ဟိုယခင်က နာမည်ကြီးခဲ့သော ဣစ္ဆာသယ လွယ်အိတ်ကြီးလို လိုချင်တာ သိချင်တာဟုသမျှကို ရှာဖွေနိုင်ပြီး၊ နည်းပညာ၊ အတတ်ပညာ၊ ရသ၊ ကျန်းမာရေး၊ အနုပညာ စသည်များကို အခမဲ့ရှာဖွေနိုင်သော အရာဖြစ်ပါသည်။
အင်တာနက်သည် လူတစ်ဖက်သားကို တိုက်ခိုက်ရာတွင် လွယ်ကူပါသည်။ ထို့သို့တိုက်ခိုက်ရခြင်းဖြင့် တိုက်ခိုက်သူမှာ မည်သည့်အရာမှ မရရှိသွားပါ{အချိန်သာကုန်သည်}။ တစ်ဖက်က တိုက်ခိုက်မှုကို ခံရသည်မှာ အသက်ကို ထိခိုက်သွားနိုင်ပါသည်။ ဥပမာ ပြောရသော် အင်တာနက်တွင် တိုက်ခိုက်ခြိမ်းခြောက်ခြင်းအတွက် ကိုရီးယားမှ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် များ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြသည်။ ထို့အတူ မည်သူမှ မသိမရှိလိုက်ပဲ အင်တာနက်တွင် တိုက်ခိုက်ခြိမ်းခြောက်ခံရ၍ အသက်စွန့်သွားကြသူများမှာ ဒူးနဲ့ဒေး မရေတွက်နိုင်အောင် ရှိနေကြပါသည်။ တိုက်ခိုက်သူတွေမှာ တစ်ဖက်သား မျက်ရည်ကြီးငယ် ကျသည်ကိုသော်လည်းကောင်း၊ မိသားစုနဲ့ဝေးကွာရသည်ကို သော်လည်းကောင်း၊ ဆင်းရဲဒုက္ခရောက်ကြရသည်ကို ကြည့်နေနိုင်သည်လော....။
ထိုအပြင် အင်တာနက်ကို စီးပွားအရေအရ၊ လူမှုရေးအရ မကျေနပ်၍ လူတစ်ဖက်သားအား တိုက်ခိုက်နေကြသည်မှာ မြန်မာပြည်တွင် အမြောက်အမြားရှိနေကြဆဲဖြစ်ပါသည်။ အနောက်နိုင်ငံများတွင် တစ်ဦး၏အောင်မြင်မှုကို တစ်ဦးက အားပေး၏ ချီးမြှောင့်၏။ ထို့ပြင် ထိုသူအောင်မြင်သလို ၎င်းလည်းအောင်မြင်အောင် လိုက်၍ ကြိုးစားကြသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အင်တာနက်သည် ခေတ်စားလာသည်မှာ မကြာသေးပါ၊ ကျွန်တော်တို့ မြန်မာတွေမှာ ဥာဏ်ကောင်းကြပါသည်။ တော်ကြ တတ်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့တွေ ကောင်းသောဘက်မှာ ကြိုးစားကြမည်ဆိုရင် အင်မတန်မှ ကောင်းမွန်လှပါသည်။ အထက်ပါအတိုင်း ကျွန်တော်တို့တွေဟာ အသိဥာဏ်ရှိသော လူတွေဖြစ်တာကြောင့် ကျောက်ခေတ်လူသားတွေလို မီးကိုလက်နက်အဖြစ်တိုက်ခတ်ကြသလိုမျိုးမလုပ်ပဲ ကျွန်တော်တို့တွေ အင်တာနက်ကို လက်နက်အဖြစ် အသုံးမပြုပဲ အကောင်းဘက်က အသုံးပြုမည်ဆိုပါက အနောက်နိုင်ငံတွေလို အင်တာနက်ဆိုတာကို ရွာအဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပါသည်။
လူအချင်းချင်း ရန်လို/နှောက်ယှက်ခြင်း ကင်းဝေးကြပါစေ
{ကိုဇောင်း}
{ကိုဇောင်း}

0 Comments Received
Post a Comment