ငယ်စဉ်အခါ
ရွတ်ဆိုခဲ့ရ
မမ၀၀ ထထက

အပြုံးပန်းကိုလည်း
ဆင်ခဲ့ရတယ်
မောင်တို့မယ်တို့
ကျောင်းခန်းထဲဝယ်
မင်္ဂလာပါနှုတ်ဆက်ကြ
ဆရာမလှလှ
သိပ်ကိုလှ

ဟိုဖက်အိမ်က
လင်းထိန်ထိန်
ငါတို့အိမ်ကလင်းထိန်ထိန်
မိနှင်းတဲ့လေ

ပန်းတစ်ပွင့်ကို
ခေါင်းပေါ်တင်
လုံမေချောရယ်တဲ့
အဲ့ဒါ လုံးကြီးတင်

နောက်ဆုံးဘကုန်းရွတ်လို့ဆို
ဘအဘိုးအိုစီးလို့ကြို
{ကိုဇောင်း}