တိတ်တစ်ခိုး အရိုးစွဲနေအလား
အမှတ်တမဲ့များစွာရဲ့ နေ့ရက်တွေမှာ
ရေထဲက ကြယ်လေးတွေကို
ထိုင်ကာရေတွက်ရင်းနဲ့
ကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့
ငါးလေးတွေကို မော့ကြည့်အခိုက်
အရူးတစ်ယောက်ရဲ့ အနမ်းကို ရခဲ့တဲ့နောက် ကိုယ်ကိုယ်တိုင် ရူးခဲ့ရလေသည်။

{ZaunG}