ထက်ထက်မိုးဦး ကြော်ငြာထဲက
ရွှေဝယ်ပေးပါလို့ ပူဆာတတ်သူ
မပူဆာနဲ့လား ငါတောင်
လက်မှာ သရေကွင်းပတ်လို့နေနေတာ
အချစ်မှာ ရွှေငွေမပါ ဗလာသက်သက် နှလုံးသားဖက်စပ်နဲ့သာ....

စိုးမြတ်သူဇာ ၀တ်တဲ့
ပါတိတ် ၀ယ်ပေးပါလို့ ပူဆာတတ်သူ
မပူဆာနဲ့လား ငါတောင်
ပြည်တွင်းထုတ်လုပ် စွပ်ကျယ်စုတ်နဲ့
ပုဆိုးစလွယ် ကတွတ်ပီ{မြိုင်ရာဇာတွတ်ပီ}လိုနေတဲ့အခါ
မင်းလည်းနေပါ မသေးမျှင်{မြိုင်ရာဇာတွတ်ပီ ဇနီး} ပမာ.....

မာစီးတီး၊ လင်ခရိုဆာ၊ တိုရိုတာ
တစ်စီးတစ်လေ ၀ယ်ပေးပါလို့ ပူဆာတတ်သူ
မပူဆာနဲ့လား ငါ့မှာရှိမြဲ
ငညို ငနီ နွားနှစ်ကောင် လှည်းလုပ်၍ မောင်း....

မြို့ကြီးပေါ်က ပီဇာ၊ ဟမ်ဘာကာ၊
ဝယ်ကျွေးပါလို့ ပူဆာတတ်သူ
မပူဆာနဲ့လား ရွာတွင်လုပ်ရောင်း
ဘိန်းမုန့်၊ မုန့်ပြားသလျက်၊
မုန့်ကျွဲသည်း နဲ့ သာကူကျို၊
အရသာမိန်မိန် ဗီတာမင်ပြည့်သလေ...

{ZaUnG}