လေရူးသုန်သုန် သင်းပျံ့လှိုင်လှိုင်
ရနံ့ကြိုင်ကာ ပန်းချစ်သူ ပျားက မုန်းမယ်
ချစ်ခြင်းရယ်အစ သ၀န်တိုသတဲ့လား
ဘ၀င်ရယ်မခိုက် မနမ်းထိုက်ရင်နေ
စုံနံ့သာမြိုင် ပန်းမာလာအစချီလို့
ဖျားယောင်းကာ မြူစွယ်ငြားလည်း
တစ်ပွင့်ပန်း သစ္စာ ရှု့မငြီးသာလှ
ရင်ဝယ်လှိုက်ဖို့ ရင်ခုန်ခဲ့သည်
ချစ်တဲ့စကား ပန်းစကားမို့
နဘေမထပ် ကာရံ မကိုက်လည်း
ဝတိံဆီက ပွင့်ဖူး၍လာ
ပန်းတစ်ပွင့် ဖန်ဆင်းခြင်းတဲ့လား....
{ZaUnG}



လှပတဲ့ ပန်းကဗျာလေးတစ်ပုဒ်ပါဘဲ.....
ကဗျာဆရာ ဖြစ်နေပြီဆိုတော့ .. အင်း......
တွေ့နေပြီနဲ့တူတယ် ...