ညစ်နွမ်းပေရေခဲ့ ငါ့ရဲ့ဝတ်ရုံဟောင်းတစ်ခု
တစ်နှစ်လုံးလုံး ၀တ်ရုံကိုဝတ်ခဲ့တဲ့နောက်
စိတ်ပျက် ပျော်ရွှင် ရသမြှောက်စွာပေါ့
ပေးစွမ်းနိုင်ခဲ့တဲ့
၂၀၀၉
ဝတ်ရုံ

လူကိုသေစေနိုင်ခဲ့တဲ့ ၀တ်ရုံဟောင်း
လူကို အံ့သြမှုတွေပေးစေခဲ့တဲ့ ၀တ်ရုံဟောင်း
လူကို ၀မ်းနည်းမှုတွေနဲ့အတူ
စိတ်ညစ်စရာတွေကိုပေးခဲ့တဲ့ ၀တ်ရုံဟောင်း
လူကို ပျော်စရာတွေပေးတဲ့ ၀တ်ရုံဟောင်း

တော်ပါပြီ....!
ညင်သာစွာ အသာအရာလေး
သေသပ်စွာ လျှော်ဖွပ်လို့
မီးပူတိုက်အပြီး ခေါက်ကာ
သိမ်းထားလိုက်ပါတော့မယ်..

အသစ်တွေ့လို့ အဟောင်းကို မေ့သလား
ထင်ယောင်မှားစေမယ်ပေါ့....

သဘာဝက ၀တ်ရုံအသစ်ကို လက်ဆောင်ပေးလို့
မနက်ဖြန်များစွာ မှာ ထိုဝတ်ရုံကို ၀တ်လို့
ဖြတ်သန်းရတော့မယ်
ဝတ်ရုံအမည်က
၂၀၁၀

{ZaUnG}