လူတိုင်းမှာ အတွေးကိုယ်စီဆိုတာ အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် တစ်ခုခုတော့ ရှိနေတတ်ကြပါသည်၊ ဘုရင်ဖြစ်စေ သူတောင်းစားဖြစ်စေ အတွေးကိုယ်စီရှိတာကို ငြင်း၍မရသည်မှာ အမှန်ဖြစ်ပေ၏။ လူအများစုတွင် အဓိပ္ပါယ်တွေ တူသယောင်နှင့် မတူသော ထို စကားသုံးခွန်း သို့မဟုတ် စကားစု သုံးစု ရှိပေသည်။
- အတွေး
- စိတ်ကူး
- မျှော်လင့်
ထို စကားသုံးခွန်း သို့မဟုတ် စကားစု သုံးစု သည် လူတို့တွင် ချူးတစ်ပြားမှ မရှိစေကာမူ ပိုင်ဆိုင်ခွင့်ရှိသော အရာများပင် ဖြစ်ပေသည်။
{ZaunG}



အတွေး.......
ဘယ်သူမှ လာပြီး နှောင့်ယှက်လို့ မရသလို အကန့်သတ်မရှိ အတိုင်းတာမရှိ အနံမရှိ အလျှားမရှိ ကိုယ်စိတ်ထဲမှာသာ တွေးရင် တွေးသလောက် ကျယ်ပျံတယ်။
စိတ်ကူး........
ကိုယ့်စိတ်ရဲ့ ဖြစ်စေချင်တဲ့ ဖြစ်ချင်တဲ့ အိမ်မက် ဆိုလဲ မမှားနိုင်ဘူး ။
မျှော်လင့်ချက်........
အဲဒီစိတ်ကူးလေးတွေကိုဘဲ တကယ်ဖြစ်ချင်လာတဲ့ အခါ မျှော်လင့်ချက် ဆိုတာ ဖြစ်လာရတယ် ။မျှော်လင့်မိတယ်ပေါ့။
စဉ်စားမိတဲ့ အတိုင်းရေးချ မိတယ် ကိုဇောင်းရေ..။
အမှန်တွေချည်းပါလားဗျာ
ကျွန်တော်ပိုင်ဆိုင်တဲ့အရာတွေလဲဒီသုံးခုပဲ
း)
ကျွန်တော့်အတွက်တော့ အတွေးရယ်.. စိတ်ကူးလေးရယ်.. မျှော်လင့်ချက်လေးရယ်.. ဒါတွေမှ မရှိခဲ့ဘူးဆိုရင် အသက်တောင်ရှင်သန်နေမယ် မထင်ဘူး ကိုဇောင်းရာ....