ကတုံးပေါ် ထိပ်ကွက်
အရင်းပေါ် အတိုးတက်
အတိုးပေါ် အတိုးဆင့်
လူမွေးမပြောင် လူပြောင်မမွေး
လည်ကုတ်သွေးကို စုပ်လို့မြို
တစ်ရက်လုပ် တစ်ရက်စား
အကြွေးနွံ ကျွံနေလေကြ
စားရေးထက် နေ့ပြန်တိုးအတွက်
များစွာ ရုန်းကနေကြ
အမြတ်ကြီးစား အကြွေးရှင်များမှာ
တင်းတစ်လှည့် မာတစ်လှည့်
တောင်းတိုင်းမရက ငါးစိမ်းသည်ပမာ
ရန်ရှာအော်ဟစ် သူကြိမ်ဆဲသည်
{ကိုဇောင်း}
Ps:: :: :: ရပ်ကွက်တွေထဲက နေ့ပြန်တိုးပေးသူတွေရဲ့ အဖြစ်အပျက်တွေ:: :: ::


အင်းဟုတ်တယ်နော်..
ဆင်းရဲတဲ့ ဘဝလေးတွေက တော်တော်သနားစရာပါ..မရှိလို့ အကြွေးယူမိပါတယ် အတိုးက ယူမိတဲ့ငွေထက် ပိုပိုများလာကာ အကြွေးသံသရာက မလွတ်နိုင်အောင်ပဲပေါ့..။ လူတိုင်းမှာ စာနာစိတ်လေးတွေရှိပြီး အလုပ်လုပ်ကြရင် ကောင်းမယ်နော်..။ အကြွေးဆိုတာ ဘာအကြွေးမဆို ကြောက်ဖို့ကောင်းပါတယ်...။
ဟုတ်တယ် ကိုဇောင်းရယ်... မရှိတဲ့ ဘ၀မှာ လူတွေဟာ မြေနိမ့်ရာ လှံစိုက်။ မရှိရင်း မရှိနဲ့ ဒီလို ဘ၀တွေမှာ လည်ပတ်နေကြရတာလေ...။ သံသရာကြွေးတွေ ရှိရင်လည်း ကြေစေချင်ကြပါတယ်။
ခင်မင်လေးစားလျှက်
ဟူးးးးးးးးးးး