ဝါသနာတူတွေ များသောအားဖြင့်မမြင်ဖူးသေးတဲ့သူတွေ နဲ့ တွေ့ဆုံပွဲဆိုတဲ့ Blogger day ကို ကျနော် မှန်းမျှော်ရင်း ရင်ခုန်ခဲ့တာ အဲ့ဒီနေ့ကို မရောက်ခင်ကတည်းကပါ၊ တွေးတွေးပြီးပျော်နေရတာလည်း အမောပါပဲ၊ စာအုပ်တွေထုတ်ဝေတဲ့ စာရေးဆရာတွေ ရဲ့တွေ့ဆုံပွဲတွေ၊ ရုပ်ရှင်သရုပ်ဆောင်တဲ့ သူတွေရဲ့တွေ့ဆုံပွဲတွေရှိသလို ကျနော်တို့ Online ပေါ်က တစ်နည်းပြောရရင် စာရေးသူတွေရဲ့တွေ့ဆုံပွဲဆိုတာ အားလုံးထက်ကို ပိုလိုထူးခြားတယ်လို့ ကျနော်မြင်ပါတယ်၊
၂၉ ရက်နေ့ကို ရောက်ခဲ့ပါပြီ၊ တွေ့ဆုံဖို့နေရာကို
ကိုညီလင်းဆက်တို့
ကိုပီကေ တို့ နေရာသတ်မှတ်ထားကြတဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ကန်တော်ကြီးထဲမှာပါ။ မနက်၁၀ နာရီဝန်းကျင်လောက်မှာ ကန်တော်ကြီးရဲ့ ဂိတ်ပေါက်က အုတ်ဘလောက်ပေါ်မှာ ကျနော်တို့ရဲ့ Bloggerကြီးတွေထဲက
ကိုပီကယ် ကော်လံကြီးကို ကိုင်လို့၊
မပင့်က ပဲထုတ်နေ၏၊
နန်းညီက စာရွက်လေးနဲ့ဘောပင်နဲ့ ကိုင်ကာဟိုဟိုဒီဒီလုပ်နေ၏၊
မဘာညာကတော့ အစားစားနေတယ်ထင်ပါတယ်၊
မနှင်းပွင့်ဖြူလေး၊ ကိုရုပ်ကလေး၊ ပန်းခင်းလေး တို့ တန်းစီပြီး တွေ့ဆုံပွဲကို လာကြမဲ့ သူတွေကို ထိုင်ပြီးမျှော်နေပါတယ်။ဒီလိုနဲ့ တစ်ဖြေးဖြေး လူတွေရောက်လာတော့ စုံလည်းစုံရော စီမှန်ထားတဲ့ နေရာကို တစ်စိုက်မတ်မတ် အားလုံးရဲ့ ခြေဦးက လှည့်နေကြပါ၏။ မိုးလုံလေမလုံ အခန်းကျယ်ကျယ်ထဲ အားလုံးရောက်ပါပြီ၊ အခန်းဆိုပေမဲ့ အကာကတော့ ဘေးတစ်ခုနောက်တစ်ခုပဲရှိပါတယ်၊ သေချာတာကတော့ မိုးလုံမဲ့ အခန်းလို့ပြောလို့ရပါ၏၊ လူတွေလည်း များသောအားဖြင့်တော့ စုံကြပြီမို့ တစ်ယောက်ပြီးတစ်ယောက်မိတ်ဆက်ကြပါတယ်၊ နာမည်ဘယ်လိုခေါ်ကြောင်း၊ စာကို ဘာနဲ့ရေးကြောင်း (Blogspot, Wordpress)၊ Web Address က ဘာလဲ စသည်ဖြင့်၊ ဒီလိုနဲ့ မိတ်ဆက်သွားလိုက်တာ နောက်ဆုံး Blog မရေးပဲ အဖော်လိုက်လာတဲ့လူကို မိတ်ဆက်တဲ့အလှည့်ရောက်တော့ ထိုသူက ကျနော်က အဖော်လိုက်လာတာပါလို့ ပြောတဲ့အခါ ကိုပီကေကြီးက ဒါဆို www.အဖော်.blogspot.com ရေးတာပေါ့နော် ဆိုတော့ အားလုံးက ၀ါးဟားဟား ကြပါတော့၏။ အားလုံးမိတ်ဆက်ပြီးတော့ ကစားပွဲတစ်ခုလုပ်ဖို့ရာ အဖွဲ့နှစ်ဖွဲ့ခွဲမဲ့အခါ ကိုပီကေကြီးက ဒုတ်နှစ်ချောင်းကို တိုရှည်လုပ်ပြီး မဲနိုက်စေပါတယ်၊ အဲ့ဒီမှာ အဖွဲ နှစ်ဖွဲ့ဖြစ်သွားပါတယ်၊ အတိုအဖွဲ့ အရှည်အဖွဲ့ပါ၊ အားလုံးမဲနိုက်ပြီးသွားတော့ အဖွဲ့ကိုယ်စီနဲ့ဖြစ်ကြတဲ့အခါ ကစားပွဲစကြပါတယ်၊ ဒီကစားပွဲက Blogger တွေရဲ့ နာမည်ကို လက်ဟန်ခြေဟန်နဲ့ လုပ်ပြတဲ့အခါ အဲ့ဒီအဖွဲ့က ဘယ်သူဘယ်ဝါဆိုတာ ပြောရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ကစားပွဲကြီးစလိုက်တာ အရှည်အဖွဲ့က ပျော်ပျော်ကြီးမသိသလို ရှုံးခဲ့ပါတယ်၊ ကစားပွဲက ကြာသွားတယ်၊ ကစားပွဲမှာ ရီနေရလို့လားမသိဘူး Blogger တွေ ၀မ်းတော်ဟာကုန်ပါရော၊ အဲ့ဒါနဲ့ ထမင်းစားဖို့ အကြောင်းဖန်လာကာ Blogger တွေထဲက သုံးလေးယောက်လောက်က ထမင်းဗူး တစ်ယောက်တစ်ဗူးဝေပေးပါတယ်။ အဲ့ဒီအချိန်မှာ စားသောက်တာတွေက တရုတ်ကားတွေထဲက သိုင်းချသလိုဖြစ်နေမယ်လို့လည်း မထင်စေချင်ဘူးနော်

၊ ငြိမ်သက်စွာစားကြပါ၏။ ပြီးတော့ နည်းနည်းနားကြပါတယ်၊ စပ်မိစရာတွေ ပြောကြပြီး၊ မိုးလုံလေမလုံ အခန်းရဲ့ နောက်ဆုံးကစားပွဲတစ်ခုစပါတယ်၊ အဲ့ဒီကစားပွဲကတော့
့
Blogspotကောင်းတယ်
Wordpress ကကောင်းတယ်၊
Blogger ဖြစ်ရတာမကောင်းဘူး
Blogger ဖြစ်ရတာ ကောင်းတယ်အဲ့ဒီလို
ကောင်းတယ်
မကောင်းဘူးကို ပြိုင်ငြင်းရတဲ့ ကစားပွဲပါ၊ ကျနော်တို့ အရှည်အဖွဲ့ဝင် ကိုမျက်လုံးကတော့ အနိုင်မခံအရှုံးမပေးစွာနဲ့ အားကြိုးမာန်တတ် သိုင်းကွက်ပေါင်းစုံနဲ့ ပြိုင်ငြင်းလိုက်တာ ကျနော်တို့ အရှည်အဖွဲ့ မသိမသာ နိုင်သွားပါတယ် ဟဲဟဲ၊ဒီနေ့ရာမှာ ကစားရတာပြင်းတယ် ကန်တော်ကြီးထဲက ရေလယ်ကျွန်းကို ပြောင်းကြစို့၊ ကျနော်တို့ Blogger တစ်သိုက် အထုပ်လေးတွေကိုယ်စီကိုယ်ငှ သယ်ကြပြီး ရေလယ်ကျွန်းကို ချီတတ်ကြပါတော့တယ်၊ ပျော်ပျော်ပါးပါး လမ်းလျှောက်သွားကြ၏။ ရေလယ်ကျွန်းကို ရောက်ပြီ အားလုံးနေရာတွေယူပြီး ထိုင်ကြတယ်ပါ၏၊ အဆိုတော်မဟုတ်တဲ့ Blogger
ကိုသားဖြိုးက ၀ိုင်းလည်မှာ ဂစ်တာကိုင်ပြီး သီချင်းဆိုပြနေပါတယ်၊ အားလုံးကတော့ အားပေးကြပါတယ်
“သားဖြိုး မပြီးသေးဘူးလား” တဲ့ ဟီးးဟီးးး၊ အဲ့ဒါက တစ်ခု နောက်တစ်ခုက
မဘာညာရဲ့ ကစားနည်းပဲ နာမည်ဘယ်လိုတတ်လည်းတော့သိဘူး၊ ကျနော်တော့ နာမည်တပ်ပေးလိုက်မယ် မုန့်ကျိုးလိမ်ကစားနည်းလို့၊ ဟုတ်ပါတယ်၊ လူငါးယောက်လောက်လက်တွေကို ကြက်ခြေခတ်ထားတာကို ဖြေရတဲ့ နည်းပါ၊ တစ်ယောက်တစ်ဖွဲ့ကစားကြတာ အားလုံးပေါင်းသုံးဖွဲ့၊ သုံးဖွဲ့မှာ တစ်ဖွဲ့နိုင် နှစ်ဖွဲ့ရှုံး မပူပါနဲ့ ကျနော်ရယ်၊
ကိုပီကေကြီးရယ်၊
မပင့်ရယ်
မဘာညာရယ်၊
ကိုသီဟန်ရယ်၊ နောက်ထပ်လည်းပါပါသေးတယ်။ ရှုံးတဲ့လူတွေအနေနဲ့ တစ်ခုခုလုပ်ပြရပါတယ်၊ မဘာညာကတော့ ကာယမောင်လုပ်ပြရတယ်၊ မပင့်ကတော့ မော်ဒယ်လမ်းလျှောက်၊ ကိုသီဟန်ကတော့ ဖားခုန်ခုန်ရပါတယ်၊ ကျနော်နဲ့
ကိုပီကေကြီးကတော့ ထီပေါက်ပါတယ်၊ မိန်းကလေးလိုလုပ်ပြရမယ်တဲ့ ဟီးးဟီး ရှက်စရာကြီး၊ ကိုပီကေကြီးက အရင်ဆုံး၊ စလင်းဘက်ကလေး နဲ့ ထီးကလေးနဲ့ ချောက်သီးဆေးပြားလိုက်ရောင်းပါ၏

၊ ကျနော်ကတော့ မိန်းကလေးလို့ စလင်းဘက်လေးနဲ့ မော်ဒယ်လ်လျှောက်ပြရမယ်တဲ့ဗျာ၊ သေပြီဆရာ နေခြည်မဖျာနိုင်တော့ပါ၊
{ပျော်စရာကောင်းတဲ့ ကစားပွဲ} {ကန်တော်ကြီးထဲက ရေလယ်ကျွန်းပေါ်က Bloggerတစ်သိုက်}
{မိုးလုံလေမလုံဆိုတာ အဲ့ဒီအခန်းပါ :P }
{ပုံကြီးကြည့်ချင် နိပ်ပါ}
ဒီလိုနဲ့ကစားပွဲတွေလည်းပြီးသောအခါ အထုပ်ကလေးတွေ ပိုက်လို့ လာလမ်းအတိုင်း ပြန်ကြရပြန်ပါတယ်။ ဘ၀ဆိုတဲ့သင်္ကေတမှာ ပျော်စရာရှိပြီးရင် လွမ်းရ တမ်းတရ ပါတယ်၊ ရယ်စရာရှိသလို ငိုစရာလည်းရှိပါတယ်၊ ပျော်ပြီးရင် ၀မ်းနည်ရတယ်၊ ၂၉ရက်နေ့ တစ်နေ့တည်းမှာ မတွေ့ဖူးတွေ့ဖူး မြင်ဖူးမဖြစ်ဖူးတဲ့လူတွေနဲ့ စကြနောက်ကြ ပျော်ကြပါးကြတယ်၊ အားလုံးပြီးသွားတော့ အိမ်အပြန်နှုတ်ဆက်ကြရတယ်၊ မျက်နှာကပြုံးပြနှုတ်ဆက်နေပေမဲ့ စိတ်ထဲမှာ အမှတ်တရနဲ့ ၀မ်းနည်းစွာ နှုတ်ဆက်လိုက်ရင်း......
{ကိုဇောင်း}
မှတ်ချက်။ ။ ရေးဖို့ စိတ်မပါသေးတာကြောင့် မရေးဖြစ်တာ ကြာသွားပါ၏၊ အခုမှတစ်ရေးနိုး၍ ရေးနေသလိုဖြစ်ပါသည်