ကောင်းကင်တစ်စုံ လင်းလက်ပြိုးပြက်
နေမင်းမသာ လမင်းမထွက်
ကြယ်စုများနဲ့ လင်းလက်တယ်

ပဟေဋိမဆန်ပါဘူး
ကဗျာလိုလည်း အသက်မ၀င်ပါဘူး

စကားထာမဟုတ်ပေမဲ့
ရင်ဝှက်ပန်းတစ်ပွင့်လို့ပေါ့

ငါ့ရဲ့ရင်ထဲ မင်းရောက်ချိန်
ကြယ်စင်မိုးကျ ရွာသွန်းခဲ့သည်...

{ZaUnG}