ကြမ္မာစေရာ မြစ်တစ်ဖက်ခြားသမို့
ခိုလှုံရာရင်ခွင်ရယ် မနွေးထွေးနိုင်ပြီ

နှမတော်ရှိရာ တစ်ဖက်ကမ်းကို
စီးတော်ယာဉ် နတ်မိကျောင်းရယ်နဲ့
မောင်တော်အရောက်လှမ်းခဲ့ပါ့

ဘယ်အတိတ်ရယ်က ရန်ကြွေးတွေလဲ
ငမိုးရိပ်နဲ့ မလက်တို မိကျောင်းတို့
အချင်းချင်းရယ် ရန်လိုတိုက်ခိုက်တာကြောင့်
အခက်တွေ့လှပြီ....

မိကျောင်းတို့ ရန်ပွဲထဲ အခိုက်မသင့်ရုံပ
မေ့လျော့ကာ ငမိုးရိပ် အာခံတွင်းထဲ
အသက်ကို စွန့်ကာ အနိစ္စရောက်ခဲ့ရတယ်

သေကွဲသတင်းရယ် နားမခံနိုင်အောင်
ကြားရခိုက် ရှင်မွေးလွန်း ရင်ထဲ
ကမ္ဘာပျက်သည်အလား ခံစားနေရ
ရင်ကွဲနာကျ၍ သေပွဲဝင်ခဲ့

ချစ်ခြင်းရယ်ထူးဆန်းသည်အလား
မြစ်တစ်ဖက်ကမ်း တစ်ဖက်စီက
ခန္ဓာကိုယ်မီးသဂြိုလ်ချိန်
သက်ရှိဘ၀ထဲ အပေါင်းဖက်ရက
မီးခိုးငွေ့တွေနဲ့ ပေါင်းဖက်ဆုတောင်း ပြည့်ခဲ့လေတယ်.....


Ps. ရှင်မွေးလွန်း နဲ့ မင်းနန္ဒာ တို့ရဲ့ ချစ်းခြင်းမေတ္တာအား ကဗျာအဖြစ် အသက်သွင်းထားပါသည်......