ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ တစ်ယောက်တစ်လှည့် ပြောဖြစ်ကြတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ၊ ပုံပြင်ဆိုတော့လည်း တစ်ကယ့်ကို ပုံပြင်လေးပါ။ ပုံကိုပြင်လို့ ပုံပြင်လို့ ဆိုလိုထားသလားတော့သိဘူး။ ပုံပြင်လေးက ကလေးလည်းဆန်တယ် နည်းနည်းလေးလည်း ဟာသဖြစ်ပါတယ်။ ဟာသဆိုမှ နည်းနည်းလေးပါ :D
ဟိုး.. ရှေးရှေးတုန်းက တောလေးတစ်တောထဲမှာ အဖိုးကြီးနဲ့အဖွားကြီးတို့ လင်မယားနှစ်ယောက်ရှိကြတယ်၊ အဖွားကြီးက “အဖိုးကြီးရေ ကျုပ်လေ ကောက်ညှင်းပေါင်း မစားရတာကြာပြီတော့၊ စားချင်လိုက်တာ” အဖိုးကြီးက “ကောက်ညှင်းပေါင်းစားတာက ခက်ပါဘူး အဖွားကြီးရယ် ကောက်ညှင်းပေါင်းဖို့ အိုးမှ မရှိတာ ဘယ်လိုလုပ်မလဲ” “တောလယ်က ကျားကြီးစီမှာ အိုးရှိတယ်လို့ ကြားတယ်အဖိုးကြီးရဲ့ သွားငှားကြည့်ပါလား” “အင်.. အဖွားကြီးကလည်း အဲ့လောက်ဖြစ်နေရင် ငါသွားငှားပေးမယ်ဟာ” ဆိုပြီး တောထဲက ကျားကြီးဆီကိုသွားပြီး “ ကိုကျားကြီးရေ ကျုပ်မိန်းမက ကောက်ညှင်းပေါင်းချင်လို့တဲ့ အဲ့ ဒါလေ အဲ့ဒါလေ အိုးလိုနေလို့ ခဏငှားပါလားဟင်”အဖိုးကြီးမှာ ပြောသာပြောရတယ် ကျားကြီးကို ကြောက်နေတယ်လေ၊ ကျားကြီးက အသားစားတိရစ္ဆာန်ဆိုတော့ ဒါပေမဲ့လည်း အိုးလိုနေတာကြောင့် ရအောင်ပြောပြီး ငှားတယ်၊ ကျားကြီးက ဒါဆိုရင် ကျုပ်အိုးပေးငှားမယ် ကောက်ညှင်းပေါင်းပေါင်းပြီးရင်တော့ တစ်ဝက်ပေးရမယ်၊ မပေးဘူးဆိုရင် ခင်ဗျားတို့ကို ကိုက်စားလိုက်မယ်၊”လို့ ပြောပြီး အိုးပေးငှားလိုက်ပါတယ်...၊
ဒီလိုနဲ့ အဖိုးကြီးနဲ့ အဖွားကြီးလည်း ၀မ်းသာအားရနဲ့ ကောင်ညှင်းပေါင်းလိုက်တာ ကျက်လည်းကျက်လာရော မစားရတာက ကြာနေပြီမဟုတ်လား အဲ့ဒါကြောင့် စားကောင်းကောင်းနဲ့စားလိုက်တာ ကောက်ညှင်းတစ်အိုးလုံး ပြုတ်သွားတာပဲ၊ စားလို့ပြီးလည်းပြီး ကုန်လည်းကုန်ရော၊ သူတို့နှစ်ယောက် ကျားကြီးကို သတိရလိုက်တယ်၊ အိုးထဲကို ကြည့်လိုက်တော့လည်း ကောက်ညှင်းက ကုန်နေပြီ၊ အဖိုးကြီးက “အဖွားကြီးရေ ငါတို့တော့ ဒုက္ခရောက်ပါပြီ ကျားကြီးအတွက် ကောက်ညှင်းမကျန်ရင် ငါတို့ကို ကိုက်စားမယ်လို့ ပြောတယ်ဟ ဘယ်လိုလုပ်ကြမလဲ” ဆိုပြီး အပြော၊ ကျားကြီးက အရှေ့ကနေပြီး “ဟေ့.. အဖိုကြီး အဖိုးကြီး”ဆိုပြီး အော်သံလည်းကြားရော “အဖွားကြီးရေ ငါတို့တော့ အသေခံရတော့မယ်” အဖွားကြီးက “အသေတော့ခံချင်ဘူး ကျုပ်တို့ ဟိုနားက စဥ့်အိုးကြီးထဲ ၀င်ပုန်းနေရင် ကောင်းမလား ကျားကြီးလည်းတွေ့မှာမဟုတ်ဘူး” ဆိုပြီး နှစ်ယောက်သား စဥ့်အိုးကြီးထဲ ၀င်ပုန်းနေလိုက်တယ်၊
ု
ကျားကြီးကလည်း အော်ခေါ်လို့မရတာနဲ့ အိမ်ထဲကို ၀င်လာပြီး အဖိုးကြီးအဖွားကြီး နှစ်ယောက်ကို လိုက်ရှာတယ် မတွေ့၊ ကောက်ညှင်းပေါင်းအိုးထဲ သွားကြည့်တော့လည်း ကောက်ညှင်းက ကုန်နေတာကြောင့်၊ ကျားကြီးက ပိုစိတ်တိုနေရောပဲ၊ ကျားကြီးက စိတ်တိုတိုနဲ့ လိုက်ရှာတာ စဥ့်အိုးနားရောက်တော့ အဖိုးကြီးက “အဖွားကြီးရေ ငါလေ လေလည်ချင်တယ်” “ဟာ အဖိုးကြီးကလည်း တော်ရူးနေလားတော့ တော့်အီးပေါက်သံကို ကျားကြီးကြားလို့ ကျူပ်တို့သေနေပါအုံးမယ်”
“နည်းနည်းလေးပါ”
“နေပါအုံးအဖိုးကြီးရယ်”
“ကျုပ်မအောင့်နိုင်တော့လို့ပါ”
“ကျုပ်တို့ သေတော့မှာပဲ အဖိုးကြီးရယ်”
“အသံပိစိညှောင့်တောက်လောက်လေးပဲ ပေါက်မှာပါ အီးမပေါက်ရတာ ကြာတော့ နေရခက်နေလို့ပါ”
စဥ့်အိုးကြီးက အကြီးကြီးပါ နှစ်ယောက်သား ၀င်ပုန်းနေတာနဲ့ပြည့်နေပြီ၊ အီးငွေ့ပါ ထွက်လာမယ်ဆိုရင်တော့ ပိုလို့ခက်နေမှာ မတွေ့ဝံ့ပါ :P
“ကဲ့... ဒါဆိုလည်း အဖိုးကြီးရေ အီးပေါက်မယ်ဆိုရင်ပေါက် အသံသိပ်မကျယ်စေနဲ့နော်” ဆိုပြီးခွင့်ပြုလိုက်တာနဲ့ အဖိုးကြီးမှာ လွှတ်ထဲလိုက်တာ
“ဘူ............”
“ဂွမ်း..........”
“ဘူ.........” ဆိုတာကတော့ အီးကြီးကြီးပေါက်သံ :P “ဂွမ်း.........”ဆိုတာကတော့ စဥ့်အိုး ကွဲသံပါပဲ
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ ဒန်ဒန့်ဒန်
ပုံပြင်ကို ဆုံးတော့ သူငယ်ချင်းက မေးပါတယ် မင်းရဲ့ ကျားကြီးကလည်း တိရစ္ဆာန်တာဖြစ်တယ် ကောက်ညှင်းပေါင်းအိုးကို ဘယ်ကရတာလည်းဆိုတော့ ပုံပြင်လေ ပုံပြင်ဆိုတာ တစ်ကယ်မှ မဟုတ်တာ:P

{ZaunG}

အင်းး အဘွား ပြောပြောနေတဲ့ ပုံပြင်လေးပေါ့။ အခုမှ အမှတ်ရလာတယ်။
ဟီး... ဂွမ်း..
ဒန်တန်တန်.......
ငယ်ငယ်က တားထောင်နေကျ ပုံပြင်တပုဒ်ပါ။ မေ့နေတာတောင် ကြာပြီ...