အနားညီ မျဉ်းပြိုင်တဲ့လား
စကားလုံးတစ်ခုကို အလွယ်တစ်ကူသုံးလိုက်မိပေမဲ့
အနေအေးလို့ သွေးအေးသွားတဲ့အခါ
မျဉ်းပြိုင်နှစ်ကြောင်းက ပြိုင်မျဉ်းတွေလိုပေါ့
စိမ်းသက်သက်စိမ်း!
တစ်ကယ်ဆို မင်းနဲ့ငါ
အနားညီစတုန်းရန်းတွေသာဖြစ်ချင်သူပါ
ခွဲခွာခြင်းကို အနှုတ်လက္ခဏာပြပြီး
ဆုံဆည်းခြင်းကို အပေါင်းလက္ခဏာ၊
အမြှောင့်လက္ခဏာ နဲ့ အသုံးပြုလိုက်ရင်
အဆပေါင်းများစွာရရှိလာမဲ့အဖြေက
ပျော်ရွှင်ကြည်နှူးခြင်းဆိုရင် မင်းယုံနိုင်မလား....
မျဉ်းနှစ်ကြောင်းရဲ့ ပေါင်းဆုံမှုဆိုတာ
နားလည်မှုကို ဗဟိုပြုလိုက်ရင်
အဖြေထွက်မဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ....
{ZaunG}


နောက်တခါ ပုစ္ဆာတွက်မရရင် ကိုဇောင်းဆီလာခဲ့မယ်ခင်ဗျ...
အတွက်ခက်နေတဲ့ ပုစ္ဆာတွေတော့ရှိတယ်ဗျို့း)