လေကလေးရယ် ပြေစေတော့
နေကလေးရယ် ညိုစေတော့
လေပြေပြေ နေညိုညိုချိန်ထဲ
ရွာအပြင် ကောက်ရိုးပုံနား
စောင့်လို့နေရစ် ချစ်သူ့အမှာစကား
သတိရဖန်များ စိတ်လှုပ်ရှား၍
“ချစ်သူများနေ့”အမှတ်တရမို့
ဆူးများတဲ့နှင်းဆီပန်းရယ် သူ့လက်ဆူးမှာဆိုး
သူများတွေလို အမှတ်တရတွေထဲ
ချောကလက်ရယ် မပေးနိုင်ပေမဲ့
မုန့်ကျွဲသည်းတော့ ပေးနိုင်ရဲ့....
ရွာဓလေ့ ရွာစရိုက်
ချောကလက်ရယ် ရှားပါးနေသမို့
အပြစ်များရယ် မဆိုလိုက်ပါနဲ့
သနပ်ခါးပန်းနဲ့ မုန့်ကျွဲသည်းတော့
လက်ဆောင်ပေးနိုင်ရဲ့.....။
Ps..... ချစ်သူများနေ့ ကဗျာမဖွဲ့ဘူးလို့ စဉ်းစားထားပေမဲ့၊ တောဓလေ့ကဗျာလေးနဲ့ ဖွဲ့ဖို့စိတ်ကူးဝင်လာတာနဲ့ ရေးဖြစ်သွားခြင်းပါ၊
ﺽŽãửʼnĢ


ကောင်းတယ်ကွယ် ..စာဥ ကိုသတိရလိုက်တာ :)
မယ်တင် ရေ...
လွမ်းလိုက်တာ ကွယ်....
မိုက်(စ်)။။
ကျေးလက်ကဗျာလေး ဂွတ်ပါ၏။
မုန့်ကျွဲသည်းလာပေးလို့တော့ ချက်ချင်းအဖြေပေးလိုက် မယ်တစ်ကယ်.. အရမ်းစားချင်နေတာ..
မုန်.ကျွဲသည်း ပါသွားပီပေါ.
ကောင်းလိုက်တဲ့ကဗျာလေးပါလား
မုန့်ကျွဲသဲကြိုက်တယ်