အသက်က တစ်ရက်ထက်တစ်ရက်
တိုးလာတာနဲ့အမျှ ထူးခြားမှုဆိုလို့
စိတ်ညစ်စရာဗလပွနဲ့ရယ်

မေ့ပျောက်နိုင်ခြင်းမရှိသော
အရာကို ခုတုံးလုပ်
အနိုင်ယူကာ တစ်ဖက်လူနစ်နာခဲ့တယ်

“လူ”တဲ့လား အနိုင်ယူခြင်းတွေကို
ကြီးစိုးကြတယ်

စိတ်တိုရင် မုန်းတီးခြင်းကို
ဘန်းပြပြီး အကြံထုတ်တတ်တာ
“လူ”တဲ့လား

“ဆင်မှာ ကြဉ်ငယ်ရည်
ပုရွက်ဆိတ်မှာတော့ ပင်လယ်ဝေခဲ့သလိုပေါ့”

ကောင်းကင်ရေ
မင်းပဲအေးဆေးပါတယ်ကွာ
လူတွေရဲ့ စိုးရိမ်ကြောင်းကြ
ပူပန်မူတွေကို ဥပက္ခာပြုပြီး ငုံ့ကြည့်နေတယ်

အပြစ်မပြောပါဘူး
မင်းမှ မတတ်နိုင်ဘဲ...

ﺽŽãửʼnĢ