ချစ်သူ
တို့နှစ်ယောက် စိတ်ကူးလေးတွေနဲ့
တည်ဆောက်ထားတဲ့အိမ်လေး
အကြောင်းအမျိုးမျိုးကြောင့် ပြိုပျက်သွားတဲ့အခါ
စိတ်ဓာတ်ကျလေမလား နောက်ဆုတ်သွားလေမလား
ဝေခွဲမရပေမဲ့...

တစ်ချိန်က ပြောခဲ့ဖူးတဲ့
တူနှစ်ကိုယ်တိုင်းပြည်ကိုတော့
တို့နှစ်ယောက် ထူထောင်ဖို့ အားတင်းထားကြစို့ကွယ်

အရောင်တွေ မှေးမှိန် အလင်းတွေကွယ်ပျောက်
နေမင်းကြီးလည်း မထွန်းတောက်နိုင်တဲ့အခါ
တူနှစ်ကိုယ်ဖေးမလို့ရယ်...

တစ်ကယ်ဆို မင်းလေးက ဘ၀လက်တွဲဖော်မို့
စာနာ နားလည်မှုတွေရယ် စီမံကာဖော်စပ်သလိုပေါ့

ဒီကဗျာလေးက စိတ်ကူးသက်သက် မဟုတ်ပေမဲ့
အိပ်မပျော်လို့ရေးရင်း သူသိစေဖို့ရယ်....